မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌
သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
ဒို့ မြန်မာ တားရော့
Saturday, 20 February 2010Posted by
တေးအေးရိပ်
Comments
မဟာဗုဒ္ဓ၀င် ၊ ၅၅၀ ဇာတ်နိပါတ်တော် နှင့် မြန်မာ့ရိုးရာ ပုံတော်စုံ တားရော့ ဆက်သွယ်ချက်များ
တစ်ခုသော စနေ နေ့ ည၌ G-talk ဖွင့်ကာ ကမ္ဘာ့ဆက်သွယ်ရေး ကွန်ယက်ကြီးဆီသို့  ငေးမောကြည့်ရှုနေစဉ် ..
" Live Tarrot မေးချင်လို့ ပါ ..ဘယ်တော့ မေးလို့ ရမလဲ "
" ဘာအကြောင်းမေးချင်လို့ လဲ..."
"အစ်မအကြောင်းပါ .. ပြီးတော့ အစ်မ ကိုယ်တိုင် မေးရမှာလား.. ကျွန်မက မေးပေးလို့ ရလား"
" မေးခွန်းတွေအတွက်က တော့ ကိုယ်စားမေးပေးလို့ ရပါတယ် ..အဲဒါဆို ခဏလေးစောင့် ... ကွန်ပျူတာ ဖွင့်လိုက်အုံးမယ် ."
" ဟင်.. အခု ကွန်ပျူတာ ဖွင့်လို့ G-talk သုံးလို့ ရတာ မဟုတ်ဘူးလား"
" အခုက lap top နဲ့ ဝင်နေလို့ .. Desktop ပြောင်းသုံးမှ စားပွဲပေါ်မှာ တားရော့ ကားချပ်တွေ ခင်းလို့ ရမှာပေါ့"
ဟု ပြောကာ.. Desktop ကွန်ပျူတာ ခလုပ်အား နှိပ်လိုက်လေ၏။
" သြော်.. မေးခွန်းက ၁ ခွန်းပဲ မေးလို့ ရသလား"
" တားရော့ ကတော့ ကြိုက်သလောက် မေးလို့ ရပါတယ်..မေတ္တာနဲ့ အခမဲ့ ဟောပေးတယ်.. ဘာလို့ လည်းဆိုတော့ မြန်မာတွေမှာလည်း သူ့ နည်းသူ့ ဟန်နဲ့ တားရော့ပညာ ရှိတယ်ဆိုတာ သိစေချင်လို့ .. ကဲ.. မေးလို့ ရပြီ.. ကဒ်ဆွဲတာတွေကို မြင်ချင်ရင်တော့ www.mmastrology.com ရဲ့  side bar ညာဖက်က Live Tarot နေရာမှာ တိုက်ရိုက်သွားကြည့်လို့ ရပါတယ်"
" အစ်မက ဒီမှာ (စင်္ကာပူ) အလုပ်ရှာနေတာ ဆရာ.. အခု ဖေဖော်ဝါရီလ အတွင်း အလုပ် ရနိုင်မလား သိချင်လို့ ပါ။ အစ်မ ဆိုတာ ကျွန်မ အစ်မ ကို ပြောတာနော် "
" ဟုတ်ပါပြီဗျာ.. ကဲ.. အခု ကျနော် ကားချပ် ၃ ချပ် ဆွဲလိုက်တာ ဒီလို ထွက်လာတယ်။
(၁) ဒုက္ကရ စရိယာ ကျင့်တော်မူတဲ့ ပွဲ
(၂) သုဝဏ္ဏလျှံမင်းသား ရွှေအိုးထမ်းလာတဲ့ပွဲ
(၃) သိဒ္ဓတ္တမင်းသား သူနာကို မြင်တဲ့ပွဲ
အဲဒီ ၃ ချပ် ထွက်လာတယ်။
(၁) ဒုက္ကရ စရိယာ ကျင့်တော်မူတဲ့ပွဲ ကားချပ်က ဘာပြောသလဲ ဆိုတော့ အလုပ်ရမှာ မဟုတ်သေးဘူးလို့ ပြောတယ်။ ဘုရားလောင်း ဒုက္ကရစရိယာ ကျင့်နေတုန်းပဲ.. ဘုရား မဖြစ်သေးဘူး..။ လိုချင် ဖြစ်ချင်တဲ့ဟာ မရသေးဘူး.. မဖြစ်သေးဘူး။ အဲဒါကို ဆိုလိုတယ်..
(၂) သုဝဏ္ဏလျှံမင်းသား ရွှေအိုးထမ်းလာတဲ့ပွဲ ကို သားရွှေအိုးထမ်းတဲ့ ကဒ်လို့ ပြောလို့ ရတယ်။ အဲဒီကဒ်မှာ ဒုကူလ နဲ့ ပါရိကာ ဆိုတဲ့ သုဝဏ္ဏသာမ မင်းသားရဲ့  မိဘတွေ ပါတယ်။
(၃) သူနာကို မြင်တဲ့ ကားချပ်ကတော့ နေမကောင်းတဲ့သူ အိပ်ယာထဲ လဲနေတဲ့ပုံ ပေါ့။
အဲဒီ နံပတ် ၂ နဲ့ ၃ ပေါင်းပြီး အကြံပေးရရင်တော့.. သူ့ ကို နည်းနည်း ဆုံးမပေးရမယ်.. စကား ပြောပေးရမယ်ပေါ့ဗျာ.. ။အရမ်းစိတ်ဆင်းရဲ မနေနဲ့ လို့  ။ အလုပ်ရှာမရတာ စိတ်ညစ်မနေနဲ့ ။ ကျန်းမာရေးလည်း ဂရုစိုက်ခိုင်း၊ စားမ၀င် အိပ်မပျော် ဖြစ်နေတာ ကို ကားချပ်က ပြောနေတယ်။ နောက်ပြီး သားရွှေအိုးထမ်းလာတာ မြင်ရတယ် ဆိုတော့ သူ မြန်မာပြည်ကို ပြန်ရမယ်။ "
" ၆ ပတ် နောက်ပိုင်း ပြန်ရမယ်ဆိုတဲ့ သဘောလား"
" ဟုတ်တယ်.. အဲဒီသဘောပဲ.."
" ဟုတ်ကဲ့ .. ကျေးဇူး တင်ပါတယ်.. နောက်တစ်ခုလောက် မေးချင်သေးတယ်.. ရမလား"
" အင်း .. မေး "
" ကျွန်မအတွက် အခု လက်ရှိ အလုပ်မှာ ဆက်လုပ်ရင် ပိုအဆင်ပြေလား သိချင်လို့  .. ထွက်စာက တင်ပြီးပြီ။ ဒါပေမယ့် boss က ဆွဲထားသေးလို့ .. အဲဒီလူကြီးကိုလည်း သိပ်မယုံလို့ ... "
" ကဒ်ပြား ၃ ချပ် ဆွဲကြည့်မယ်ဗျာ..
Watch live streaming video from mmastrology at livestream.com

(၁) မြေမြိုတာကို ခံရတဲ့ ဒေ၀ဒတ် ရဲ့  ဒုက္ခတွေ့ တဲ့ပွဲ
(၂) ဂဠုန်နဂါးသကြားမင်း ကောရဗျမင်း တို့ ပြိုင်တဲ့ပွဲ
(၃) သိဒ္ဓတ္ထမင်းသား ရဟန်းကိုမြင်တဲ့ နိမိတ်တော်ပွဲ
ပထမကဒ်က ဘာပြောလဲ ဆိုတော့ အကြပ်အတည်းရောက်နေတယ်လို့ ပြောတယ်။ ကိုယ်ဆုံးဖြတ်ချက်မှားလို့ အလုပ်ထွက်တာ.. အမှားတွေများတယ်ပေါ့ အလုပ်မှာ ..။ မြေမြို တယ်ဆိုတော့ ကျဉ်းထဲ ကြပ်ထဲ ရောက်နေတယ်ပေါ့ဗျာ..။ ဒေ၀ဒတ်ဟာ သူ့ ရဲ့ လုပ်ရပ်မှားတွေ၊ အမှားတွေ အများကြီး ကျူးလွန်လို့ အဲသလို မြေမြိုခံရတာ... သူများကြောင့်မဟုတ်ဘူး.. ကိုယ့်ကြောင့် .. ကိုယ်လုပ်လို့ ကိုယ်ခံရတာ.. အဲဒီသဘောပေါ့..။
ဒုတိယကဒ်က တော့ မောင်ပေါက်ကျိုင်း သဘောမျိုး ဖြစ်မယ်... မအိပ်မနေ ကြိုးစားလုပ်နေရတယ် အလုပ်မှာ...
နောက်ဆုံးကဒ်က ရဟန်းကို မြင်ရတဲ့ နိမိတ် ဆိုတော့ အကြံပေးရမယ်ဆိုရင် ...အခု တားရော့မေးတဲ့သူမှာ စိတ်ညစ်ငြူးစရာတွေ များနေတယ်.. ဘုရားတရား အာရုံပြု..။ တရားလေး ဘာလေး နားထောင် .. တရားနာတာတွေ လုပ်.. အဲဒါဆို စိတ်ငြိမ်လာမယ် ။ အလုပ်ကိစ္စကတော့ မြေမြိုတဲ့ကဒ်ဆိုတော့ ကိုယ်အမှားလုပ်ထားတယ်လို့ ပဲ ထွက်တယ်.. "
" စိတ်ညစ်ငြူးတာတွေ များတယ်ဆိုတာ အလုပ်အတွက်ပဲလား.."
" ဒါပေါ့.. အလုပ်ကိစ္စမေးတာကိုး.."
" အလုပ်မှာ ကိုယ်အမှားလုပ်မိလို့ အလုပ်ထွက်ရတယ်လို့ ပြောချင်တာလား"
" ဟုတ်တယ်.. ဒေ၀ဒတ် မြေမြိုတာ သူ မကောင်းတာ လုပ်လို့ ပေါ့.. အဲသလိုပဲ အခုလည်း လာမေးသူကိုယ်တိုင်က မှားလို့ ဆိုတာပဲ အဟောထွက်တယ်.."
" ဟုတ်ကဲ့.. ဒါဆိုရင် သူတို့ က ဆက်ခေါ်ထားရင်လည်း မလုပ်နဲ့ ပေါ့ . .အဲ့သလို လား.."
" အဲဒါက သဘောပဲလေ... စိတ်ညစ်စရာတွေ များနေတယ်လို့ အဟောထွက်တယ်.. ကိုယ်မှားထားတော့ ကိုယ့်အပြစ်ကိုယ်ခံရမယ်.. "
" မှန်တယ် ဆရာ.. အဲ့ဒီအလုပ်ကို စိတ်ဖိစီးလွန်းလို့ ထွက်လိုက်တာ.. ဒါဆိုရင် နောက် အလုပ် ၁ ခု ရနိုင်ဖို့ မြန်မလားဆိုတာကော ကြည့်လို့ ရမလား "
" အင်း ကားချပ် ၃ ချပ် ထပ်ဆွဲမယ်လေ..

(၁) နာဠာဂီရိဆင်မိုက်ကို အောင်နိုင်တဲ့ပွဲ
(၂) ဘူရိဒတ်နဂါးမင်းကို အလမ္မာယ် ဆရာမိုက်က ဖမ်းမိတဲ့ပွဲ
(၃) နန္ဒာကျွန်မိုက်ကို အပ်ထားတဲ့ ရွှေအိုး ပြန်ရတဲ့ပွဲ
အင်း.. ပထမပုံအရတော့ နာဠာဂီရိဆင်ကို ဘုးရားရှင် ခြေချွတ်နေတဲ့ပုံ ဆိုတော့ ..ခုနက အကြောင်းပြန်ဆက်ရရင် သူများက ထွက်ခိုင်းလို့ .. ထွက်လိုက်တာ..။ ကိုယ့်ဆုံးဖြတ်ချက် မချဘဲ .. သူများ ပြောတိုင်း လုပ်လိုက်တာလို့ ထွက်တယ်.. အပေါင်းအသင်းစကား ယုံတာပေါ့ဗျာ..။ နာဠာဂီရိက ကိုယ်တိုင် အရက်သောက်တာမှ မဟုတ်တာ..။ သူများတိုက်လို့ မူးပြီး ဘုရားရှင်ကို ရန်မူတာကိုး.. အဲဒါကြောင့် အပေါင်းအသင်း.. ဘေးလူကြောင့်လို့ အဟောထွက်တယ် ...။
ဒုတိယကဒ်က အလမ္မာယ်ဆရာ ပြွေမှုတ်ပြီး မြွေဖမ်းနေတယ်..။ "
" ဒါပေမယ့် အခုက နောက်အလုပ်သစ်အကြောင်းမေးနေတာလေ.."
" အင်းလေ အလမ္မာယ်ဆရာ အလုပ်က မြွေဖမ်းတာလေ.. အလုပ်ရှာနေတာပေါ့.. ရှာတုန်း တန်းလန်းလို့ ဆိုတယ်.. တတိယ ပုံကို ကြည့်ရအောင်.. သူကြွယ်က ငွေထုပ်ပိုက်နေတဲ့ပုံ .. ပိုက်ဆံတော့ စုသာထားပေးတော့တဲ့.. ကြာလိမ့်မယ်.."
" ဟင်.. သူကြွယ်က ငွေထုပ်ပိုက်နေတဲ့ ပုံဆိုတော့ ပိုက်ဆံတွေ အများကြီး ရမှာ မဟုတ်ဘူးလား.."
" ပုံမှာ လူ ၂ ယောက်ပါတယ်.. တစ်ယောက်က ဆင်းရဲသား. .သူကြွယ်က သူ့ ငွေကို ဆင်းရဲသားဆီမှာ အပ်ထားတာ .. အဲဒါ ဆင်းရဲသားက မတရားကြံပြီး မပေးပဲနေတာ ကြန့် ကြာ နေတယ်ပေါ့ဗျာ..။ .. အဲဒါကြောင့် လက်ရှိ အလုပ်မှာ မျှောလုပ်ပေါ့.... အလုပ်အသစ်ကို ရှာတွေ့ မှ လက်ရှိအလုပ်မှာ notice ပေးပြီးထွက်.. ဒါက ကျနော် အကြံပေးတာပါ။ "
သြော်.. နောက်ဆုံးတစ်ခု ထပ်မေးချင်သေးတယ် .. ရဦးမလား . .အားလည်းနာတယ်.. ဟီး..
အင်း . မေး.. တားရော့ကတော့ ကျနော် အခမဲ့ ဟောပေးပါတယ်...
"ပညာရေးလေး ကြည့်ပေးပါ."
" အင်း ကဒ်တွေ အကုန် ကောင်းတယ်.. မကြာခင် မှာ ဘွဲ့ ယူနိုင်မယ်လို့ တွေ့ ရတယ်..."
" ဒီနှစ် sem မှာ Grade တွေ တက်ချင်တယ်.. ပြီးခဲ့တဲ့ sem မှာ Grade တွေ ကျထားလို့ "
" အင်း ရမှာပါ..."
" ဟုတ် .. ကျေးဇူးပါပဲ.. ဒါဆို သွားလိုက်ပါဦးမယ်.. ညဥ့်နက်နေပြီ "
" အိုကေ.. Good Night ဗျာ.."
ဒို့ မြန်မာ တားရော့
Labels:
ပုံတော်စုံ တားရော့
ဒို့ မြန်မာ တားရော့
2010-02-20T10:00:00Z
တေးအေးရိပ်
ပုံတော်စုံ တားရော့|
Subscribe to:
Post Comments (Atom)











