မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌ သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း

ဇနက္ကကိန်းစစ်တမ်း

Saturday, 13 February 2010
Comments

လွဲနေတာကို လွဲနေတယ်လို့ သဘောထားလိုက်ပါ၊ မှားနေတယ်လို့ မမြင်လိုက်ပါနဲ့ ။
ဘာလို့ လည်းဆိုတော့ သင်ဟာ စာဖတ်သူသာဖြစ်ပြီး ဗေဒင်ပညာကို လေ့လာလိုက်စားတဲ့သူ မဟုတ်လို့ ပါပဲ။



ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဇတ်ကြီးဆယ်ဘွဲ့ ဆိုရင် ကြားဖူးနားဝဖြစ်စေ၊ ဖတ်မှတ်လေ့လာဖူးသည် ဖြစ်စေ တော်တော်များများ သိကြပါတယ်။ တေမိဇတ်၊ ဇနက္ကဇတ်၊ သုဝဏ္ဏသာမဇတ်၊ နေမိဇတ်၊ မဟောသဓာဇတ်၊ ဘူရိဒတ်ဇတ်၊ စန္ဒကိန္နရာဇတ်၊ နာရဒါဇတ်၊ ၀ိဓူရဇတ်၊ ဝေသန္တရာဇတ် ဆိုပြီးတော့ ဘုရားအလောင်းတော် နုစဉ်ဘ၀တွေကို တေဇသုနေမဘူစံနာဝိဝေ ဆိုပြီး ဇတ်ကြီးဆယ်ဘွဲ့ ကို အတိုကောက် ရေးသားခဲ့တာ မှတ်မိကြဦးမှာပါ။

လက်ဆန်းဗေဒင်ပညာမှာ ဗုဒ္ဓ၀င်ဖြစ်စဉ်တွေကို သြဘာနမိတ်ထွန်းအဖြစ် သတ်မှတ်စံထားပြီး နံတော်စဉ်ကိန်း၊ သက်တော်ရှစ်ဆယ်ကိန်း၊ ဇတ်ကြီးဆယ်ဘွဲ့ ကိန်း စသဖြင့် ကိန်းဖွဲ့ ဟောကြားတာကို ဖတ်မှတ်လေ့လာဖူးပါတယ်။ ဒီလို ဗုဒ္ဓ၀င်ကို အခြေခံတဲ့ ဗေဒင်ကိန်းလေးတွေထဲမှာ ဇတ်ကြီးဆယ်ဘွဲ့ ထဲက အလောင်းတော် ဇနက္ကဇတ်ကို အခြေခံထားတဲ့ ဇနက္ကဟောကိန်းကို စာဖတ်သူတွေကို မိတ်ဆက်ပေးချင်ပါတယ်။ ကျမ်းကနေကူးချတဲ့ ဗေဒ၀ိဇ္ဇာ ဆြာကော်ပီအဖြစ် ရေးသားမှာ မဟုတ်ပဲ ကျမ်းမှာဖော်ပြထားတဲ့ ဇနက္ကကိန်းအပေါ် ကျနော့်အမြင်ကို ပေါင်းစပ်သုံးသပ်ပြမှာဖြစ်ပါတယ်။

ဇတ်ကြီးဆယ်ဘွဲ့ ထဲမှာ အလောင်းတော်ဇနက္ကဇတ်ကို လူသိပိုများပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဇွဲလုံ့ လ ၀ိရိယအရာမှာ စံထားထိုက်တဲ့သူဖြစ်လို့ ပါ။ ခေတ်ဟောင်းသီချင်းကြီးထဲက ဇွဲသီချင်းထဲမှာ (ပင်လယ်ပြင် ကူးခတ်သည် တကယ်ပင် ထူးမြတ်သည်၊ သူဇွဲကောင်းလို့ အောင်နိုင်သည် အလောင်းတော် ဇနက္က ပြုမူချက်သည် ယောင်္ကျားလုံ့လ အသုံးချလို့ ထီးနန်းစံရသည်) လို့ အတုယူဖွယ်အဖြစ် ဂုဏ်ပြုရေးသားထားပါတယ်။
ကဲ . . . ဗေဒမိတ်ဆွေအပေါင်း အတွေးဖြန့် ကျက်နိုင်ဖို့ ဇနက္ကကိန်းစစ်တမ်းလေးကို ဖတ်ကြည့်ကြပါစို့ ။

အောက်မှာဖော်ပြထားတာကတော့ တနင်္ဂနွေသားကို မူတည်ချထားတဲ့ ဇနက္ကကိန်းဇယားဖြစ်ပါတယ်။ ၇ ရက် သားသမီးအတွက် ဇယား ၇ ကွက် ချရမှာ ပျင်းလို့ နမူနာ တခုပဲ ချပြထားပါတယ်၊ စိတ်ဝင်စားရင် ကိုယ့်ဘာသာကိုယ် ဇယားကွက် ချယူကြပါ။
>၇ရက်သားသမီးအတွက် အွန်လိုင်းပေါ်မှာတင်ထားတာလိုချင်ရင်တော့ ဒီလင့်မှာ သွားကြည့်ပါ။

ဇနက္ကကိန်းမှာ ၇ ရက် သားသမီးတွေရဲ့ နေ့ သားအလိုက် အသက်ကိန်းကို ၇ ကွက်ပြည့်အောင် ချရပါတယ်။
တနင်္ဂနွေဆိုရင် ၁၊ တနလာင်္ဆို ၂၊ အင်္ဂါဆို ၃၊ ဗုဒ္ဓဟူးဆို ၄၊ ကြာသာပတေးဆို ၅၊ သောကြာဆို ၆၊ စနေဆို ၇ ကစပြီး အသက်ကိန်းကို တခုကျော်ပြီး ချရပါမယ်။ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသာပတေး၊ စနေ သားသမီးတွေကတော့ မဂဏန်း အသက်ကိန်းတွေ ရမှာဖြစ်ပြီး တနလာင်္၊ ဗုဒ္ဓဟူး၊ သောကြာ သားသမီးတွေကတော့ စုံဂဏန်း အသက်ကိန်းတွေ ရမှာဖြစ်ပါတယ်။


ဇနက္ကကိန်းချပုံနဲ့ ပတ်သက်လို့ လကာင်္စီတဲ့နေရာမှာ မူနှစ်မျိုးကွဲနေတာ တွေ့ ရပါတယ်။ တချို့ စာအုပ်တွေမှာ တည်၊ ထွက်၊ ပျက်၊ ကျောက်၊ ထီး၊ နန်း၊ စံ ဆိုပြီး ချသလို တချို့ စာအုပ်မှာတော့ တည်၊ လွှင့်၊ ပျက်၊ ဆည်၊ ကျောက်၊ နန်း၊ စံ ဆိုပြီး ချပါတယ်။ ကျနော်အနေနဲ့ ကတော့ ပထမလကာင်္က ထီး၊ နန်း၊ စံ ဆိုပြီး အကောင်းသုံးခု ဆက်တိုက်တွဲနေတာကို သိတ်မကြိုက်လှပဲ ဒုတိယလကာင်္ကိုပဲ အသုံးပြု တင်ပြပေးပါမယ်။
ဟောကိန်းတွေကိုတော့ အတိုချုပ်ပြီး ရေးပေးပါမယ်၊ ဟောကိန်းကို ဝေေ၀ဆာဆာ အကျယ်သိချင်ရင်တော့ ဇနက္ကဇတ်ကို ပြန်ဖတ်ကြည့်ပါ။ ဟောကိန်းကို ကြည့်နည်းကတော့ . . . ဇယားကွက်မှာ ပါတဲ့အတိုင်း ကြည့်ယုံပါပဲ။

ဇနက္ကဟောကိန်းတွေကတော့ . . .
တည် - သဘောင်္တည်တဲ့အခါ၊ လုပ်ငန်းစတင်ချိန်၊ ရုပ်ပိုင်းစိတ်ပိုင်းလှုပ်ရှားနေရ၍ ပင်ပန်းနေချိန်
လွှင့် - သဘောင်္ရွက်လွှင့်တဲ့အခါ၊ ခရီးယာယီ အခြေအနေ အပြောင်းအလဲ မတည်မငြိမ် ဖြစ်နေချိန်
ပျက် - သဘောင်္ပျက်တဲ့အခါ၊ လုပ်ငန်းပျက်ချိန်၊ အခက်အခဲ ဘေးရန်ဒုက္ခ အနာရောဂါ များနေချိန်
ဆယ် - နတ်သမီးကယ်တဲ့အခါ၊ ဆရာသမား မိဘ မိတ်ဆွေတို့ မှ ကူညီစောင့်ရှောက်ချိန်
ကျောက် - ကျောက်ဖျာထက်ရောက်တဲ့အခါ၊ အခြေအနေအသစ် ဘ၀အသစ်နဲ့ ကံကောင်းချိန်
နန်း - ထီးနန်းရတဲ့အခါ၊ လုပ်ငန်းကောင်းချိန်၊ ရာထူးနေရာဌာန အမွေအနှစ် ကြွေးဟောင်းရချိန်
စံ - စည်းစိမ်ခံစားတဲ့အခါ၊ ဖြစ်ထွန်းအောင်မြင်မှုတွေကို ဆက်လက်ထိမ်းသိမ်းထားရချိန်

ဒီအထိကတော့ ကျမ်းတွေမှာ ဖော်ပြထားတဲ့အတိုင်းပါပဲ။

ကျနော့်အမြင်အရ ဇနက္ကကိန်းချပုံကို ဆက်လက်ဖော်ပြပေးပါမယ်။
ဗေဒင်အချုပ်မဟာဘုတ် ဆိုတဲ့အတိုင်း မဟာဘုတ်ခွင်မှာ ဇနက္ကကိန်းချထားတယ်လို့ ယူဆပါတယ်။
ဒီနေရာမှာ တချို့ ဆရာတွေ ယူဆထားတဲ့ ဇနက္ကကိန်းမဟာဘုတ်ခွင်ချပုံနဲ့ ကျနော်တင်ပြတာနဲ့ ကွဲလွဲတာတွေ ရှိလာပါလိမ့်မယ်။ လေ့လာသူတွေအနေနဲ့ ကြိုက်ရာစံနစ်ကို ရွေးချယ်သုံးစွဲပါ၊ ကျနော့်အနေနဲ့ ကတော့ ကိုယ့်အယူအဆကို ဖော်ထုတ်ဆွေးနွေးခြင်းသာ လိုရင်းဖြစ်ပါတယ်။


ကျနော့်အယူအဆဆိုတာကလည်း ကိုယ်ပိုင်တီထွင်ကြံဆထားတာ မဟုတ်ပါဘူး။
ဇနက္ကကိန်းကို မဟာဘုတ်အိမ်အတွင်း သွတ်သွင်းထားခြင်းသာ ဖြစ်ပါတယ်။ ဇနက္ကကိန်းဇယားကွက်မှာ ဖော်ပြထားတဲ့ အသက်ကိုတည် ၇ နဲ့ စားပြီး အကြွင်းကို မဟာဘုတ်ချထားတဲ့ အသက်မဟာဘုတ်ပဲ ဖြစ်ပါတယ်။
နမူနာအနေနဲ့ တနင်္ဂနွေသားသမီးရဲ့ ဇနက္ကကိန်းဇယားထဲက ပထမဆုံးတန်းဖြစ်တဲ့ အသက်တွေကို မဟာဘုတ်ခွင်မှာ အောင်လံထူစစ်သူကြီးပွဲ မဟာဘုတ်လကာင်္အတိုင်း ချပြပေးပါမယ်။


စာဖတ်ပရိသတ်များခင်ဗျာ

ဖတ်ပြီးတဲ့အခါ တွက်ကြည့်ပါ၊ မှန်တာတွေ တွေ့ သလို လွဲနေတာလည်း ကြုံရပါမယ်။
အနိမ့်ဆုံးအဆင့် ပျက် ဆိုတဲ့အသက်ပိုင်းရောက်နေရင် သတိကြီးကြီးထား အမှားမဖြစ်အောင်နေတတ်အောင် ဆင်ခြင်လို့ ရတာပေါ့ဗျာ။
လွဲနေတာကို လွဲနေတယ်လို့ သဘောထားလိုက်ပါ၊ မှားနေတယ်လို့ မမြင်လိုက်ပါနဲ့ ။
ဘာလို့ လည်းဆိုတော့ သင်ဟာ စာဖတ်သူသာဖြစ်ပြီး ဗေဒင်ပညာကို လေ့လာလိုက်စားတဲ့သူ မဟုတ်လို့ ပါပဲ။
ဗေဒင်လမိုင်းကပ်နေတဲ့ လေ့လာသူတွေအနေနဲ့ အရိပ်ပြလို့ အကောင်ထင်၊ တမိုက်ပြလို့ တလံမြင်နိုင်ကြပါစေ။

ဇေယျာမောင်


Share/Bookmark