မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌
သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
12.01.2010 vs 21.12.2012
Wednesday, 20 January 2010Posted by
ဇေယျာမောင်
Comments
ကလေးစကား၊ သူရူးစကား၊ သဘင်သည်စကား မကြားလို မနာယူလိုတော့ . . .
The Day After Tomorrow ကို ဒါရိုက်တာ Roland Emmerich က ၂၀၀၄ မေလမှာ သူ့ ရဲ့ အနုပညာပဉ္စလက်အတတ်နဲ့ ပထမအကြိမ်အဖြစ် ငွေရောင်ပိတ်ကားပေါ်မှာ ကမ္ဘာကြီးကို ဖျက်စီးပြခဲ့တယ်။ မနက်ဖြန်ရဲ့ မနက်ဖြန်မှာ မင်းဘယ်မှာရှိမလဲ . . . ။
ကံအကြောင်းမလှ၊ တိုက်ဆိုင်စွာနဲ့ပဲ အိန္ဒိယသမုဒ္ဒရာကနေ ဆူနာမီ သေမင်းတမာန် ပင်လယ်ဒီလှိုင်းကြမ်းကြီးတွေက အင်ဒိုနီးရှား၊ ထိုင်း၊ အိန္ဒိယ၊ သီရိလကာင်္က လူ ၂သိန်းကျော်ကို ၂၀၀၄ ဒီဇင်ဘာ ခရစ်စမတ်ပွဲတော်မှာ သတ်ဖြတ်ပစ်ခဲ့တယ်၊ အဲဒီနိုင်ငံတွေအတွက် ကမ္ဘာပျက်ခဲ့တဲ့ နေ့ ပါပဲ။ ကျနော်တို့ ရဲ့ ရွှေပြည်ကြီးကတော့ ကံကောင်းထောက်မစွာနဲ့ ပဲ အဖျားခတ်ခံလိုက်ရတယ်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ ဆိုလားပဲ၊ အစိုးမရ သတင်းစာတွေမှာ စိတ်တော်သိ ဗောင်းတော်ညှိမ့်တွေက သိဒ္ဓိတင်ခဲ့ကြသေးတယ်။
ကံဆိုတာက အမြဲမကောင်းနိုင်ဘူးလေ၊ စိုင်းစိုင်းခန်းလှိုင်ရဲ့ အိုးကလေးလှုပ်ပါဟေ့ . . ရေအိုးကလေးလှုပ်ပါဟေ့ သီချင်းက ဆိုလို့ ကောင်းနေတုန်း လှုပ်လို့ ကောင်းနေတုန်း
၂၀၀၈ မေလလည်းရောက်ရော ဘင်္ဂလားပင်လယ်အော် ကနေ နာဂစ်ဆိုင်ကလုံးဝင်မွှေလိုက်တာ ဘာပြောကောင်းမလဲ ရွှေမြန်မာတွေလည်း ကမ္ဘာပျက်၊ အိုးကလေးတင်မက ဧရာဝတီဆန်အိုးကြီးပါ ကွဲသွားပါရောလား။ ရွှေပြည်ကြီးက လူ ၁ သိန်းခွဲလောက် ပင်လယ်ဒီလှိုင်းအောက် ဆုံးဆုံးမြုပ်လို့ ၊ ဒီတခါကျတော့ ၂၀၀၇ စက်တင်ဘာတုန်းက ဗုဒ္ဓသားတော် သံဃာတော်တွေကို ကံကြီးထိုက် ပစ်မှားလို့ ပါလို့  ဘယ်ဖော်လံဖားကမှ မရေးကြတော့ဘူး။ နောက်ဆက်တွဲအနေနဲ့ တရုပ်နိုင်ငံကပါ တို့ လည်းလိုက်မယ် ချန်မထားနဲ့ ဆိုသလို မြေငလျင်ဘေးသင့်လို့ လူ ၇ သောင်းလောက် သေကုန်ပြန်ပါရော။
၂၀၀၉ နိုဝင်ဘာလ ငွေရောင်ပိတ်ကားကြီးတွေပေါ်မှာတော့ Roland Emmerich က 2012 ဒုတိယမြောက် ကမ္ဘာဖျက်ပြလိုက်ပြန်ပါတယ်။ ဒီဇတ်ကားက တကမ္ဘာလုံးက ရုပ်ရှင်ပရိတ်သတ် အတွက် ပိုပြီး အနိဌာရုံဆန်လှပေမယ့် ဒါရိုက်တာကတော့ ဒေါ်လာသန်းပေါင်းများစွာကို သဲ့ယူသွားပြန်ပါတယ်။ မရှိတော့ပြီဖြစ်တဲ့ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်အဆုံးသတ်နေ့ ဒီဇင်ဘာ၂၁၊ ၂၀၁၂ ကို အခြေခံပြီး ကွန်ပြူတာအထူးပြုလုပ်ချက်တွေနဲ့ လှလှပပ အရိုင်းဆန်ဆန် ရိုက်ပြသွားခဲ့တာပါ။
မကြာပါဘူး . . . ဇန္န၀ါရီ ၁၂၊ ၂၀၁၀ မှာ ဟေတီအတွက်တော့ ကမ္ဘာပျက်တာပါပဲ။ ကမ္ဘာမြေကြီး အခြမ်းခြမ်းကွဲသွားသလို လှုပ်ရမ်းလိုက်တဲ့ မြေငလျင်ကြောင့် ဟေတီနိုင်ငံသား ၂ သိန်းလောက် စတေးခံလိုက်ရပြန်ပါပြီ။ ကမ္ဘာ့လူသားတွေလည်း တုန်လှုပ်သွားခဲ့ရပြန်ပါတယ်။
တိုက်တိုင်ဆိုင်ဆိုင်ပါပဲ . . .
ဟေတီငလျင်လှုပ်တဲ့နေ့ က ၁၂၊ ၀၁၊ ၂၀၁၀ ။
မာယာပြက္ခဒိန်အဆုံးသတ်ရက်စွဲက ၂၁၊ ၁၂၊ ၂၀၁၂ ဖြစ်ပါသတဲ့။
ဒါနဲ့ ရက်စွဲနှစ်ခုကို စိတ်ဝင်တစား လေ့လာကြည့်တော့ ၀၊ ၁၊ ၂ ဂဏန်းကလွဲရင် ကျန်တာမပါဘူး။ ၀၊ ၁၊ ၂ ဂဏန်းသုံးလုံးကလည်း နှစ်လုံးတစ်တွဲစီ တွဲကြည့်တော့ ၁၂၊ ၂၁၊ ၂၀၊ ၁၀ ဒါတွေပဲ ပြန်ထွက်လာတယ်။ ၁၂၊ ၀၁၊ ၂၀၁၀ နဲ့ ၂၁၊ ၁၂၊ ၂၀၁၂ မှာလည်း အဲဒီဂဏန်းတွဲတွေပဲဆိုတော့ ဒီဂဏန်းတွေရဲ့ အဓိပ္ပါယ်က ဘာလဲပေါ့လေ . . . ။
တားရော့ဆိုတာ ကြားဖူးကြမယ်ထင်တယ် . . .
တားရော့ဆိုတာ နမိတ်ပုံကားချပ်လေးတွေပါ၊ အဲဒီဖဲချပ်အရွယ် တားရော့ကားချပ်လေးတွေက လူတွေရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကံကြမ္မာကို နမိတ်ဖတ် ဟောပြောနိုင်တယ်လို့ လူတချို့ က ယုံကြည်နေကြတယ်။ တားရော့ကို ပထမပိုင်းကို မေဂျာကဒ် ၂၂ချပ် နဲ့ ဒုတိယပိုင်းကို မိုင်နာကဒ် ၅၆ချပ် ဆိုပြီး နှစ်ပိုင်းခွဲထားခဲ့ပါတယ်။ ဒုတိယပိုင်း မိုင်နာကဒ်တွေကိုတော့ လူတွေကစားနေတဲ့ ဖဲထုတ်အဖြစ် လှို့ ဝှက်အသွင်ပြောင်းခဲ့တယ်လို့ ယုံကြည်ရပါတယ်။
12.01.2010 vs 21.12.2012

10 - Wheel of fortune = ကံကြမ္မာတစ်ပတ်လည်ခြင်း
Luck, Chance, Change, Destiny, Revolution, Consequence



12 - The hanged man = ဇောက်ထိုးဆွဲခံထားရတဲ့လူ
Yield, Suspend, Surrender, Sacrifice, Non-action, Submission, In-Between

20 - Judgment = တရားစီရင်ခြင်း/ ရှင်ပြန်ထမြောက်ခြင်း
Faith, Honesty, Judgment, Resurrection, Transformation, Heeding a Call

21 – The world = ကမ္ဘာလောက
Value, Success, Achievement, Fulfillment, Enrichment, Satisfation
ဆိုပြီး တားရော့ကားချပ်တွေက အဓိပ္ပါယ်ဖော်ပြထားပါတယ်။
အမှန်တော့ ရက်စွဲပါ ကိန်းဂဏန်းတွေ ဆင်တူယိုးမှားဖြစ်နေတာ တိုက်ဆိုင်မှုသက်သက်ပါ။
အမြင်မှာနမိတ်၊ အတိတ်မှာလက်ဆောင်၊ အသံမှာတဘောင် . . .
ကလေးစကား၊ သူရူးစကား၊ သဘင်သည်စကား မကြားလို မနာယူလိုတော့ . . .။
ဇေယျာမောင်
Labels:
ဆောင်းပါး
12.01.2010 vs 21.12.2012
2010-01-20T22:09:00Z
ဇေယျာမောင်
ဆောင်းပါး|
Subscribe to:
Post Comments (Atom)



