မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌
သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
သကြား ၂ ထုပ်
Sunday, 17 January 2010Posted by
တေးအေးရိပ်
Comments
ကျွန်တော့်ကို ထူးအောင် လုပ်ပေးပါဗျာ...
တစ်ခုသော ဇန်န၀ါရီလ ၃ ရက် ၊ တနင်္ဂနွေနေ့ 
" ဗျို့ ... အခြေအနေ ဘယ်လို လဲ"
" မထူးပါဘူး ကိုတေးရာ..စိတ်ညစ်ပါတယ်။ ကျတော် ခုဏ ကတည်းက ကိုတေးကို တွေ့တယ်။ အားနာလို့ လှမ်းမခေါ်တာ "
" အင်း ခုနလေးတင် ပြန်ရောက်တယ် ဆံပင်သွားညှပ်တာ "
" ကိုတေး .. ကျနော့်ကို ထူးအောင် လုပ်ပေးပါဗျာ .."
" မွေးနေ့ ပြန်ပြောပါအုံး.. "
" တစ်ထောင့်ကိုးရာ ခုနစ်ဆယ့်....။ ဗမလို ပေးရဦးမလား"
" ရတယ် မလိုဘူး.. ကိုကျော် ဘာတွေ လုပ်နိုင်လဲ ? "
" ဘာကို ပြောတာလဲ ကိုတေး "
" ဘုန်းကြီးကျောင်းနဲ့ နီးသလား..."
" နီးတယ် ပြောတာပဲ .. ကျနော်လည်း ခုမှ ရောက်စ ဆိုတော့ သေချာမသိဘူး"

" သကြား ၂ ထုပ် သူဆင်းရဲတွေကို ပေးလိုက်...။ အဲ့ဒါ လုပ်လို့ မရရင် သောကြာနေ့ ဘုန်းကြီးကျောင်းသွား..။ သန့် ရှင်းရေးလုပ်လိုက်"
" တစ်ခါမှ မရောက်ဖူးဘူး.. .. ၂ ခု စလုံး လုပ်ရမှာလား ကိုတေး "
" ကြိုက်တာလုပ်.. လောလောဆယ် ငွေဝင်ဂါထာလို့ ပြောပြောနေတဲ့ ဒိဝါတပတိ ဂါထာလည်း ရွတ်လေ.. ၊ အဲဒါကို များများသာ ရွတ်ပေး အားနေရင်.. "
" ဟုတ်ကဲ့ ကိုတေး .. "
" အဲဒီ ဂါထာကို ၈၄၀၀၀ ရွတ်ဗျာ.. ဘုရားရှင်ရဲ့ ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ ကို အာရုံပြုပြီးတော့ ရွတ်"
" ကိုတေးကလည်း ကိုယ်မရွတ်ရတိုင်း သူများကို လွှတ် ရွတ်ခိုင်းတော့တာပဲ.. ရွတ်ပါ့မယ်ဗျာ..။ အခု ပါလာတဲ့ ပိုက်ဆံလည်း ကုန်တော့မယ်.. စိတ်တွေလည်း ညစ်နေပြီ.. ဘာဆက်လုပ်ရမလဲ မသိတော့ဘူး .."
" အင်း.. လမ်းထွက်လျှောက်... ဆိုင်တွေမှာ လိုက်မေး .. CV / Resume ပို့ .. ဒါနဲ့ ကိုကျော့် ဆီမှာ သံကြိုး ရှိလား..."
" မရှိဘူးဗျ.. ဘာလုပ်ရမလဲ သံကြိုးနဲ့ "
" ဘာမှ မလုပ်နဲ့ တော့ .. သကြားက ပိုလွယ်ပါတယ်.. ဘုန်းကြီးကျောင်းလည်း ကောင်းတာပဲ။ သကြား ၂ထုပ် ကို မြောက်အရပ်မှာ စွန့် လိုက်။ ကြိုက်တာလုပ်.. ဖြစ်ပါတယ်.."
" သကြားကို မြောက်အရပ်မှာ စွန့် လိုက်မယ် ... ကိုတေး "
" အင်း ရတယ်.."
" ဒီနေ့ က တနင်္ဂနွေဆိုတော့ ဘုန်းကြီးကျောင်းက တစ်ပတ်တောင် စောင့်ရအုံးမယ်..။
" ရဲ တွေ ဘာတွေလည်း ကြည့်အုံး .. လျှောက်ပြစ်မနေနဲ့ .."
" ဟုတ် ၂ ထုပ်နော်.. ဘယ်နေ့ ပြစ်ပြစ် ရတယ်နော်.."
" မနက်ဖြန် တနင်္လာနေ့ .. အဲဒီနေ့ ပြစ်လိုက်ဗျာ.."
" ဟုတ်ကဲ့ ကိုတေး.. အခု ခန္တီစေတီ ပြန်တည်နေတယ်.. ၇ ဆူမြောက်"
" ဟုတ်လား ..ပုံမှန်လုပ်နေကျ လုပ်စရာ ရှိတာ ဆက်လုပ်နေပါ"
- - - - - -
ဇန်န၀ါရီ ၅ ရက် အင်္ဂါနေ့ 
" ကိုတေး ...ကျတော့် ဒီနေ့ ဟိုတယ်တစ်ခုကနေ သူတို့ဆီမှာ Customer Service Staff အနေနဲ့ ညဆိုင်းဆင်းဖို့ အလုပ်သင်ဆင်းဖို့ လှမ်းခေါ်တယ်.. မနေ့ကခေါ်တာ .. ခဏနေရင် သွားရမှာ .. တစ်ရက်နှစ်ရက်သင်ပြီးရင် ဆင်းလို့ ရပြီလို့တော့ပြောတယ် "
" ဟုတ်လား.. ကောင်းတယ်ဗျာ.."
" ဘာမှ မကြီးမားပေမဲ့ သတင်းကောင်းမို့ ပြောပြချင်တာ.. ခဏနေ သွားတော့မှာ "
" ဒါပေါ့ .. အဲဒါ သတင်းကောင်းပဲ... အလုပ်လေး ဘာလေး ရတော့ နည်းနည်းချောင်တာပေါ့ ဗျာ.. ဘာအစီအရင် လုပ်လိုက်သတုန်း ကိုကျော် ရဲ့ "
" လုပ်လိုက်တာပေါ့ မနေ့ က .. ဟီး .. သကြား ၂ ထုပ် စွန့် လိုက်တာ.."
" ဟုတ်လား ဒါလည်း ပိုင်တာပဲ.. ဘယ်သူ့ ကို သွားစွန့် တာလဲ "
" မြောက်အရပ်မှာပဲ.. ဆင်းရဲသားမတွေ့ လို့ ဒီအတိုင်းပဲ ထားခဲ့လိုက်တယ်.."
" အင်း.. မနက်စွန့် နေ့ လည် ဖုန်းဆက်တော့ တယ်ဟုတ်ပါလား..
" ဟိဟိ.. ကျေးဇူးတင်ပါတယ် ကိုတေး"
" ရပါတယ်ဗျာ.. "
-----
လေ့လာရန်
သောကြာ သက်ရောက်
တနင်္လာ ဆန်းကျင်
ဆန်းကျင် တနင်္လာ တိုင်ခြေရှိ သောကြာအား ပူးကပ်ပုံ
သကြား ၂ ထုပ်
Labels:
ယတြာ
သကြား ၂ ထုပ်
2010-01-17T12:00:00Z
တေးအေးရိပ်
ယတြာ|
Subscribe to:
Post Comments (Atom)










