မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌
သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
အိပ်မက် မက်တယ်
Wednesday, 13 January 2010Posted by
တေးအေးရိပ်
Comments
ရီးထွက်ရမယ် လို့ အိပ်မက် နိမိတ် ပြတာပေါ့ဗျာ
" မဟေသီက မြစ်ကမ်းပါးတစ်ခုနားမှာ ရောက်နေတယ်။ ဘုရားပုံတော်တွေကို ရေမှာ မျှောကြတယ်တဲ့ ။ လူတွေ လည်း အများကြီးပဲ။ သူများ တွေ မျှောတဲ့ ပုံတော် တွေက ပုံမှန် အရွယ် ။ မဟေသီ မျှောတဲ့ ပုံတော် က အကြီးကြီးပဲတဲ့။ သူများမျှောတဲ့ ပုံတော်တွေက မြစ်ကြောင်းတစ်ခုကနေ မျှောသွားကြတယ်တဲ့ ။ သူမျှောတဲ့ ဘုရားပုံတော် တစ်ခုတည်းပဲ တခြား မြစ်ကြောင်းအတိုင်း ဆန်တက်သွားတယ်တဲ့ ။ ပြီးတော့ ရောင်ခြည်တွေ လွှတ်ပြီး နောက်ဆုံး မိုးပေါ်ကို တဖြည်းဖြည်း တက်သွားရောတဲ့ ။ သူလည်း သေချာ ဖူးလိုက်ရတယ် ။ သူများ တွေလည်း အံသြတကြီး ဖူးကြတယ်တဲ့ ။ အဲဒါပဲ ကိုတေး .. "
၁၀.၁၁.၂၀၀၉ အင်္ဂါနေ့ ည ၁၂း၁၅ မိနစ် ..စနြေ္ဒာ အခါတွင် အိပ်မက် အကြောင်းအား ရှင်းပြနေခြင်းဖြစ်၏။
" မဟေသီ အမည်က ဘယ်လိုခေါ်လဲ"
" သောကြာသမီး ..အမည်က ..xxx "
" မဟေသီ က အလုပ်လျှောက်ထားတာ ရှိလား "
" ဗီဇာ လျှောက်မလို့ရှိတယ် "
" အဖေကော ကျန်းမာရေး ကောင်းရဲ့ လား"
" ကောင်းတယ်.. ဟိုတစ်လောက တုပ်ကွေးဖြစ်သေးတယ် "
" တုပ်ကွေးလောက်ကတော့ မပြောပလောက်ပါဘူး"
" ဟုတ်ကဲ့ ကိုတေး "
" ဘာမှတော့ မဟုတ်ပါဘူး ဒီလိုပဲ မက်တာပါ ။ ကိုကျော် ခရီးထွက်ရမယ် လို့ အိပ်မက် နိမိတ် ပြတာပေါ့ဗျာ .. အဲဒါပါပဲ "
" မဟေသီ နဲ့ အတူတူ ထွက်ရမှာလား "
" အတူတူတော့ မသိဘူးဗျ.. ဒါပေမဲ့ ကိုကျော်နဲ့ အတူ ၂ ယောက်ပါလိမ့်မယ် ... ဟဲဟဲ ကောင်မလေး ၂ ယောက် ဖြစ်မယ်"
" အင်း .. အဖြေတော်လို့  ကိုတေး လက်လေးနဲ့ ကိုတေး ခေါင်းလေးကို ... ရွှေချထားချင်တယ် "
" ဒါနဲ့ ကိုကျော်က ဘယ်ကို ခရီးထွက်မလို့ လဲဗျ.. ကောင်မလေး ၂ ယောက်တောင် ပါတာဆိုတော့ တယ်ဟုတ်နေပါလားဗျ.. ဟဲဟဲ"
" ဟီး .. ထွက်တာတော့ ထွက်မှာ .. ကောင်မလေး ၂ ယောက်က သမီးလေး နဲ့ မဟေသီ ပေါ့ဗျာ "

" အင်း.. တနင်္ဂနွေ နဲ့ စတဲ့ နိုင်ငံလို့ တွေ့ နေလို့ .. အင်္ဂလန်များလား လို့ ဟဲဟဲ အီသီရိုးပီးယား တော့ မဟုတ်လောက်ပါဘူးနော်"
" ဟင်းဟင်း.. ဒိပြင် နိုင်ငံကောင်းတွေ ရှိရဲ့ သားနဲ ရက်ရက်စက်စက် ဟောပြစ်နေပြန်ပြီ"
" တွက်ကြည့်တာ ၁၊ ၄ ၊၆ - တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ သောကြာ နံ နိုင်ငံတွေ ပဲ ထွက်တယ်ဗျ..။
" ခွိခွိ .. မှန်အောင် ပြောဗျာ.. "
" အများကြီးပဲဟာ ဘယ်လိုလုပ် သိမလဲဗျ.. နေအုံး ... ခန့် မှန်းကြည့်မယ်ဗျာ.."
" လုပ်ဗျာ.. ခန့် မှန်းကြည့်ပါအုံး"
ခဏမျှ တောင်ခြစ်မြောက်ခြစ် ခြစ်ကြည့်ပြီးနောက်..
" အင်း .. နိုင်ငံ အစအမည်က တနင်္ဂနွေ၊ နောက်ဆုံး ပိတ်က အင်္ဂါနဲ့ ဗုဒ္ဓဟူး ထဲက တစ်ခုခုလို့ ပေါ်တယ်ဗျ"
" အစတော့ ဟုတ်တယ်.. နောက်ပိတ်တော့ မဟုတ်ဘူး.."

" နောက်ပိတ်မဟုတ်ရင် မရှာတော့ဘူးဗျာ.. မှားသွားပြီကိုးဗျ.."
" ဘာကို မှားတာလဲ .. ကိုတေး ဟောတာလား.. မှန်းတာကိုလား.."
" နောက်ပိတ်က မှားတာဆိုတော့ နိုင်ငံမှန်းရင် မှားပြီပေါ့ဗျာ.."
" ဟိဟိ.. ၂၄ ရက်နေ့ မှ ပြောပြမယ်."
" အိုကေ.. ဘုရားပုံ ဆိုတော့ ဗုဒ္ဓဂါယာ လားမသိပါဘူး.. အ နဲ့ လဲ စတယ်ဆိုတော့ အိန္ဒိယ"
" မဟုတ်ပါဘူး ဗီဇာရမှ ပြောမယ်လေ.."
" အင်း လျှောက်သာလျှောက်.. သွားရမယ်လို့ ဟောထားတော့ ယတြာတောင် မလိုဘူး ဟဲဟဲ"
" ရဟူး..ရဟူး..ရဟူး..."
" ဟဲဟဲ.. ရာဟူး နဲ့ ဂူဂဲလ်း တွဲသုံးတာလားဗျ.."
" ပျော်လို့ ပါ.. ကြားရတာနဲ့ စိတ်ချမ်းသာလို့ ..
-----
၂၄ ရက် နိုဝင်ဘာ ၂၀၀၉
"ကိုတေး... ကျွန်တော့ ဗီဇာ ကိစ္စ အောင်မြင်ပါတယ်.. ကိုတေးကိုလည်း အထူးကျေးဇူးတင်ပါတယ်.. ဘာနိုင်ငံလဲ ဆိုတာ စဉ်းစားလိုက်ဦး အဟက်ဟက်"
" ဟင်းဟင်းဟင်း... "
" စဉ်းစားလို့ ရပြီလား ဗျ.."
" ဘာကို စဉ်းစားလို့ ရမှာလဲ .."
" ဘယ်နိုင်ငံလဲဆိုတာလေ.."
" သိပါဘူးဗျာ... အ , နဲ့ စတယ်လေ..အဲဒါပဲ .နောက်ဆုံးပိတ် က အင်္ဂါ (သို့ ) ဗုဒ္ဓဟူး လေ..။
" လူတွေ သွားချင်တဲ့  နိုင်ငံတစ်ခု လေ"
" အင်း... အမေရိကား"
" အင်္ဂါနံ နဲ့  ဆုံးလို့ လား"
" အင်္ဂါနံ နဲ့ ဆုံးရင်တော့ .. အင်းစိန် ပေါ့.. ဟိဟိ"
" အမေရိကန် ပြည်ထောင်စု ... လေ.. ဟက်ဟက်"
" တယ်ဟုတ်ပါလား.. ကိုယ့်ထက်တောင် တော်သွားပြီ "
" ဟဲဟဲ.. သားတို့ ကနေ့  ပဲ မိသားစုလိုက် ဗီဇာ ရတယ်လေ.."
" ကောင်းပါ့ဗျာ.. ၀မ်းသာတာပေါ့"
" ကိုတေးကို အရမ်း အရမ်း ကျေးဇူးတင်ပါတယ်ဗျာ.. "
-----------------------
လေ့လာမှုများ
စနြေ္ဒာ အခါ = ခရီးတိုင်
အိပ်မက်မြင်မက်သူ = သောကြာသမီး (န၀င်း)
န၀င်း နှင့် အခိုက် ဆက်သွယ်ချက် = သောကြာ နှင့် တနင်္ဂနွေ
နိုင်ငံ အမည် စဉ်းစားမှု = မူလတိုင် + မိတ် တိုင် + ဓါတ်တိုင်
အိပ်မက် မက်တယ်
အိပ်မက် မက်တယ်
2010-01-13T22:13:00Z
တေးအေးရိပ်
အင်္ဂ၀ိဇ္ဖာ|ဆောင်းပါး|
Subscribe to:
Post Comments (Atom)










