မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌
သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
မမှန်တာပဲ ကောင်းပါတယ်
Sunday, 20 December 2009Posted by
ဇေယျာမောင်
Comments
သို့ သော်သင်သည် ထို ဘေးရန်အပေါင်းမှ ပြန်လည်လွတ်မြောက်လိမ့်မည်။ ယခုနှစ်တွင် သင်သည် ဆင်နင်းပင်နင်းသော်ငြား သေကိန်းမရှိပေ . . . ဟု လက်တဲ့စမ်း ဗေဒင်ဆရာပေါက်စတို့ ထုံးစံအတိုင်း အားမနာတမ်း ဖိ၍ရေးပေးခဲ့ခြင်း ဖြစ်သည်။
ယခုရေးမည့် အဖြစ်အပျက်မှာ ကျနော့်သူငယ်ချင်းတစ်ယောက် အကြောင်း ဖြစ်သည်။
သူသည် တဇွတ်ထိုးလုပ်တတ်သလို လူပုစိတ်တို အမျိုးအစားထဲက ဖြစ်သလို ကူညီယိုင်းပင်းသောစိတ်ဓါတ် ရှိသောကြောင့် လူချစ်လူခင် ပေါသူလည်း ဖြစ်သည်။ ထို့ ကြောင့် ပတ်ဝန်းကျင်တွင် သူ့ ကိုမသိသူသလို လူတွင်ကျယ် လုပ်သူဟု မြင်သူလည်း ရှိသည်။
တနေ့ တော့ သူက ကျနော့်ကို ဗေဒင်တွက်ပေးရန် ပြောလာသည်။ ထိုအချိန်တွင် ဗေဒင်ပညာလေ့လာနေသည်မှာ နှစ်ပိုင်းမရှိသေး၊ လပိုင်းမျှပင် ရှိသေးသည်။ သူမေးသည်နှင့် ကျနော်ကလည်း ဗေဒင်ရူးပီပီး လက်မနှေးပဲ တွက်ပေးရန် မွေးနှစ်မွေးရက်များကို ထုံးစံအတိုင်းမေး၍ ချတွက်ပေးလိုက်သည်။
သူက တနလာင်္သား၊ အမည်က အရင်းလုံး ကြာသပတေးနှင့် အဖျားလုံး တနလာင်္ ပေါင်းစပ်ထားသည်။ အသက်က ၂၅နှစ်၊ တနလာင်္သက်ရောက်သို့ ရောက်ချိန်၊ ကောဇာက တနလာင်္ ထွန်းနေသည်။
သူသည် ၂ လာင်္သား သိုက်ဖွား ဖြစ်သောကြောင့် မူလမဟာဘုတ် နှင့် နာမက္ခတိုင်တို့ မှာ အောက်ပါအတိုင်းဖြစ်သည်။

တနလာင်္သက်ရောက်ကို ဆန်းဗေဒင်နည်းအရ တိုင်ထူလိုက်သောအခါ အောက်ပါအတိုင်း ဖြစ်လာသည်။

ယခုစာပြန်ရေးသည့်အချိန်တွင် ကျနော်ဟောချက်များကို ကျနော်ပြန်၍ မမှတ်မိတော့ချေ။ သို့ သော် အရေးကြီးသည့်ဟောချက် တစ်ချက်မှာမူ ယခုအချိန်ထိ မေ့မရတော့ချေ၊ အဘယ်ကြောင့်နည်း။
သူ့ အတွက် ဟောစာတမ်းကို သူကိုယ်တိုင်ပင် မဖတ်မိသေး၊ ထိုဟောချက်မှာ မြေကြီးလက်ခတ်မလွဲ မှန်ကန်ခဲ့သောကြောင့်ပင်ဖြစ်တော့သည်။
ထိုဟောချက်မှာ - သင်သည် မိတ်ဆွေများက ရန်သူသဖွယ်ကျင့်သုံး၍ သင့်ကို ဘေးအန္တရာယ်ကျရောက်သည်အထိ ပြုလုပ်ကျလိမ့်မည်၊ ထိုမိတ်ဆွေများသည် သြဇာအာဏာရှိသူများဖြစ်လိမ့်မည်၊ သို့ သော်သင်သည် ထို ဘေးရန်အပေါင်းမှ ပြန်လည်လွတ်မြောက်လိမ့်မည်။ ယခုနှစ်တွင် သင်သည် ဆင်နင်းပင်နင်းသော်ငြား သေကိန်းမရှိပေ . . . ဟု လက်တဲ့စမ်း ဗေဒင်ဆရာပေါက်စတို့ ထုံးစံအတိုင်း အားမနာတမ်း ဖိ၍ရေးပေးခဲ့ခြင်း ဖြစ်သည်။
ကံမကောင်းအကြောင်းမလှစွာပင် ကျနော့်သူငယ်ချင်းမှာ သြဇာအာဏာရှိလှစွာသော သူ့ မိတ်ဆွေများက သူ့ ကို ရန်သူသဖွယ် ဆက်ဆံ၍ အချုပ်သွင်း အကျဉ်းချကာ ၁၀ရက်ခန့် ဒုက္ခပေးလိုက်ခြင်းဖြစ်သည်၊ နောင်မှ သူ့ ကို သတိပေး၍ ပြန်လွှတ်လိုက်လေသည်။
လွန်ခဲ့သော ၁၆ နှစ်ခန့် က ဟောစာတမ်းဖြစ်၍သာ ယခုကဲ့သို့ တွေးရဲ၊ ဟောရဲ၊ ရေးရဲခြင်းဖြစ်သည်။ ယခုအချိန်တွင် ဤကဲ့သို့ ကိန်းခန်းကျရောက်သူ တစ်ဦးကို ထိုကဲ့သို့ ဟောပြောဝံ့သော ဆုံးဖြတ်ချက်မျိုး ကျနော့်တွင် မရှိတော့ပါ။
အဘယ်ကြောင့်နည်း၊ ပညာဟူသည် မတတ်တခေါက်တတ်ထားသည့်အချိန်တွင် တုတ်ထိုးအိုးပေါက်ဟောရဲသော်လည်း အတိုင်းအတာတခုအထိ အတိမ်အနက်ကို နားလည်သိရှိချိန်တွင်တော့ ချင့်ချိန်တွေးဆမှုကြောင့် လက်လွတ်စပယ် ဟောပြောမှုကို ၀န်လေးလာတတ်သည်။
မည်သို့ ပင်ဖြစ်စေ နုစဉ်တုန်းက ရမ်းသန်းဟောပြောခဲ့သော ဟောချက်မှာ ကံမကောင်း အကြောင်းမလှစွာပင် တိုက်ဆိုက်စွာ မှန်ခဲ့သည်ကို ၀ါသနာရှင်များ လေ့လာသုံးသပ်နိုင်ရန်အတွက်သာ ရည်ရွယ်တင်ပြခဲ့ခြင်းဖြစ်ပါသည်။
ထိုစဉ်က မည်သည့် ဂြိုလ်နေဂြိုလ်ထားများကို မည်ကဲ့သို့ သုံးသပ်၍ ထိုသို့ ဟောပြောခဲ့သည်ကို လေ့လာသူများ စဉ်းစတွေးစနိုင်ရန်အတွက် ချန်ထားရစ်ခဲ့ပါသည်။
ကျနော့်အား မေးခွန်းတုန့် ပြန်မေးမည့်သူများကိုလည်း ကျနော်မှ သိရှိနေနှင့်ပြီးဖြစ်ရာ ထိုသူများကို ဂျီတော့ခ်မှပင် ပြန်လည်၍ ဖြေကြားပေးလိုက်မည်ဟု ပြောကြားရင်း ပညာသင်ကာစ အတွေ့ အကြုံတခုကို ပြန်လည်ဖောက်သည်ချလိုက်ရပါသည်။
ဇေယျာမောင်
မမှန်တာပဲ ကောင်းပါတယ်
မမှန်တာပဲ ကောင်းပါတယ်
2009-12-20T14:41:00Z
ဇေယျာမောင်
ဆန်း|ဆောင်းပါး|
Subscribe to:
Post Comments (Atom)










