မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌
သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
သူခေါ်ရင် လာပါ . . လာပါ . . (၄)
Sunday, 13 December 2009Posted by
တေးအေးရိပ်
Comments
ငွေဖလားထဲကို ဆန်တစ်ဝက်ထည့်၊ ဆံညှပ် ၃ ခု ကို ဖင်ပြန်ခေါင်းပြန် စိုက်ပြီး ဧည့်ခန်းမှာ ထားလိုက်
ဆရာရှင့် ...
သမီးချစ်သူက ဗုဒ္ဓဟူးနေ့ ညနေဖက်ဖွားပါတယ်။ သမီးချစ်သူ သမီးဆီကို ပြန်လာပါအုံးမလားဆရာ။ ဒီမနက် ကပဲ သူ သမီးနဲ့ စိတ်ဆိုးပြီး အိမ်ကထွက်သွားလို့ .. အဲဒါ ပြန်လာအောင် ဘယ်လိုမျိုး အစီအရင် လုပ်ရမလဲဆိုတာ အကြံပေးစေလိုပါတယ်.. ဒီစာနဲ့ အတူ paypal က ငွေလွှဲ နံပါတ်ကို တစ်ပါတည်း ထည့်ပေးလိုက်ပါတယ်။
ကြာသပတေးနေ့ မနက် ၀၁း၃၅ မိနစ်မှာ အီးမေးလ် ရပြီးတဲ့ နောက်ပိုင်း လုပ်ဆောင်ရမဲ့  အစီအရင်လေးတွေကိုတော့ ဒီလို ဖြေပေးခဲ့ပါတယ်..။

ပြုလုပ်ရန် ငွေဖလား တစ်ခုတွင် ဆန် တစ်ဝက်ခန့် ထည့်ပါ။ ဆံညှပ် (၃) ခုအား ဖင်ပြန်ခေါင်းပြန် ချိတ် ပြီး ဆန်ထည့်ထားသည့် ငွေဖလားတွင်စိုက်ထားပါ။ ပြုလုပ်ရမည့်အချိန် - ကြာသပတေးနေ့ ၁၀း၃၀ မှ ၁၂း၀၀ နာရီကြား ဧည့်ခန်း (သို့ ) မိမိအခန်းရှိ စားပွဲပေါ်တွင် တင်ထားပါ။ "
မိတ်ဓာတ် အစီအရင်
ဝင်စေလို မိတ်ဓာတ် ဟူသည့် အစီအရင်အရ .. မိမိထံလာရောက်စေလိုသူသည် ရာဟု ဖြစ်၏။
ရာဟု ၏ အိမ်ထောင်မိတ် - တနင်္လာ ( ကိုရှာ )
ရာဟု၏ ဓာတ်ဖက် - အင်္ဂါ (စရေ )
အီးမေလ်း ပို့ ပြီး နောက် မနက် ၀၇း၁၈ မိနစ်၌ Gtalk ဖြင့် ထုံးစံအတိုင်း မေးမြန်းမှုများ ၊ ဖြေကြားမှုများ ဖြင့်......
" သေချာအောင် ထပ်မေးပါရစေ ဆရာ.. သူ .. ကျွန်မဆီ ပြန်လာမှာပါ နော်... "
" အင်း ပြန်လာမှာပါ "
" ကျေးဇူးတင်ပါတယ် ဆရာ.. ဆရာပြောတာနဲ့ တင် သမီး အရမ်းပျော်သွားပြီ.. ဒါပေမဲ့ အခုလောလောဆယ် သူ့ ကို ဆက်သွယ်လို့ မရဘူးဖြစ်နေတယ် .. သူ့ ကို သမီး အရမ်းစိုးရိမ်မိတယ်"
" ဘာလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းနေတာလဲ ... ကိုယ့်စိတ်ထဲမှာ .. အို ... သူ ငါ့ဆီ ပြန်လာမှာ မဟုတ်တော့ပါဘူး လေ .. ဆိုကတည်းက ..ကိုယ်က တစ်ဝက် ရှုံးနေပြီ"
" ဟုတ်ကဲ့ဆရာ.. ဒါဆို သမီး ယုံကြည်မှုတွေ ရင်ထဲ သိမ်းဆည်းလိုက်တော့မယ် "
" ဒါနဲ့ အစီအရင် လုပ်တုန်းက အဓိဋ္ဌာန်ပြုတာတွေကော လုပ်ဖြစ်လား .. သူပြန်လာပါစေ ဘာညာဆိုပြီးတော့ ပေါ့..။ "
" ဆရာ.. အဲ့ဒါ ငွေအစစ်နဲ့ လုပ်ရမှာပေါ့နော် .."
" ငွေ အစစ်ဆိုရင် ဈေးကြီးတာပေါ့ဗျာ.."
" ဒါဆို သမီး ငွေ အစစ်နဲ့ ဟာပဲ ၀ယ်လိုက်တော့မယ် ၊ ဈေးကြီးရင် ကြီးပလေ့စေတော့.. သူပြန်လာမယ်ဆိုရင် ဘယ်လောက်ပဲ ကုန်ပါစေ"
" ဗျာ.. အခုထိ မလုပ်ရသေးဘူးလား.. "
" မလုပ်ရသေးဘူး ဆရာရဲ့ .. အခုက ရုံးမှာလေ.. အပြင်ထွက်လို့ မှ မရတာ၊ သမီး လုပ်ဖြစ်အောင် လုပ်လိုက်ပါ့မယ် "
" ဒါဆိုလည်း မလုပ်နိုင်ရင် မလုပ်နိုင်ဘူးလို့ အစကတည်းက ဘာလို့ မပြောလည်း "
" မဟုတ်ပါဘူးဆရာရယ်.. သမီး လုပ်နိုင်ပါတယ် ..လုပ်မယ်"
" အချိန် နဲ့ နေ့ နဲ့ အတိအကျလုပ်မှ ဖြစ်တာ.. ကိုယ်လုပ်ချင်တဲ့ နေ့  လုပ်လို့ ရတာမျိုးမဟုတ်ဘူး ဗျ "
" ဆောရီးပါဆရာရယ်.. ဒါဆို မနက်ဖြန် လုပ်လို့ မရဘူးပေါ့နော် "
" အဲသလို မျိုး ကိုယ်ကြိုက်တဲ့နေ့ လုပ်မယ်ဆိုရင် what is the point of giving you remedy?"
" ဆရာရယ် .. စိတ်မဆိုးပါနဲ့ .."
" ဒီည လုပ်ဖြစ်အောင်လုပ် .. အချိန်ကတော့ အဲဒီအချိန်ပဲ "
" ဟုတ်ကဲ့ ဆရာ.. ဒီည လုပ်လိုက်ပါ့မယ်.. ငွေဖလား လည်း ၀ယ်လိုက်မယ်.. ၊ တော်သေးတာပေါ့ ဆရာရယ်.. ဆရာပြောလို့ ..၊ နို့ မို့ ဆို သမီးက မနက်ဖြန် လုပ်လို့ ရမယ်ထင်နေတာ"
" ငွေဖလားပဲ ဖြစ်ဖြစ် ၊ ကြေးဖလားပဲ ဖြစ်ဖြစ် ရရာ ၀ယ်လိုက်ပေါ့.. အစီအရင်ကိုတော့ effect ဖြစ်လောက်မယ် မထင်ပါဘူး.."
" ဟုတ်ကဲ့ဆရာ.. အခုတော့ သမီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုများလာပါပြီ.. သူပြန်လာမယ်ဆိုပြီးတော့ပေါ့လေ ..။ မနေ့ က ကွမ်ရင်ကျောင်းမှာ စာသွားချတာ ပြန်လာမယ်လို့ ပဲ အဖြေထွက်တယ်"
" အင်း .. အဆင်ပြေမှာပါ "
ပါးစပ်မှ အားပေးစကား ပြောနေသော်လည်း ကြာသပတေးနေ့ မနက် ၁း၃၅ မိနစ် သည် အခါတိုင်အရ ဘောမတိုင် ဖြစ်သည်။
ဝ စနေသမီး (မေးသူ)
၎ ရာဟုသား (ထွက်သွားသူ)
၁
--
၃
--
၆
၂ (ခိုက်)
၅
ဘောမအခါသည် နံတော်စဉ်အရ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်သည့်အခါ ဖြစ်သည်။ ပူဆွေးသောကကြုံရသည့်အခါ ဖြစ်၏ ။ ချစ်ခင်နှစ်သက်မြတ်နိုးသူ ရုတ်တစ်ရက် ခွဲခွာရသည့် အခါလည်း ဖြစ်၏ ။ အခါတိုင်အရ န၀င်းစီးနေသည့် စနေ (၀) သည် ဗုဒ္ဓဟူး (၄) အား ဒန်းလှ ဆိုသည့် အိမ်ထောင်မိတ် စီးနေ သဖြင့် န၀င်းအားကိုးဖြင့် အဆင်ပြေမှာပါ ဟု ပြောလိုက်ခြင်းဖြစ်၏။
၂ ပတ် ခန့် အကြာတွင်...
" အခြေအနေ"
" မထူးသေးဘူး ဆရာ"
" ဘယ်လို လုပ်ကြမလဲ "
" နောက်တစ်ယောက်ပဲ ပြောင်းချစ်ရမလိုလို ဖြစ်နေပြီ ဆရာ.. ဒါပေမဲ့ အရမ်း ကို ခက်တယ်ဆရာရယ် ၊ အခု သူက အကောင့်တွေ အကုန် ပိတ်လိုက်ပြီ ၊ ဘယ်မှာ သွားဆက်သွယ်ရမှန်းလည်း မသိဘူး"
" အသစ်ရှာတော့လည်း ကောင်းတာပါပဲ .. ။ ကိုယ့်ကို မလိုချင်တဲ့သူကို ချစ်နေလို့ အပိုပါပဲ... အချိန်က ကုစားသွားပါလိမ့်မယ်ဗျာ"
အဆက်အသွယ်မရခြင်းနှင့်အတူ ၄င်း ၂ ပတ် အတွင်း ချစ်သူ အသစ်တစ်ယောက် မြန်မြန်ဆန်ဆန် ရသွားသည်ကိုတော့ သတင်းကြားရ၏။
လာစေချင်သဖြင့် ခေါ်သော်ငြား အခေါ်ခံရသည့် သူ ရောက်မလာဘဲ .. တစ်ခြားသူတစ်ယောက် ဖြစ်သွားသည်ကတော့ ကိုယ်ညံ့၍သာ ဖြစ်သည်ဟု ၀န်ခံရင်း ...
သူခေါ်ရင် လာပါ . . လာပါ . . (၄)
Labels:
ဆောင်းပါး
သူခေါ်ရင် လာပါ . . လာပါ . . (၄)
2009-12-13T20:09:00Z
တေးအေးရိပ်
ဆောင်းပါး|
Subscribe to:
Post Comments (Atom)










