မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌ သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း

ဝဆွဲပါသော အလှပဂေး များ

Saturday, 28 November 2009
Comments

ဝဆွဲမပါခြင်းက သင့်အား ထိုလောကသို့  တွန်းပို့ လိုက်လေပြီ...



" ဗျိုး... ဆရာတေး .. ဘာတွေလုပ်နေတာလဲ "
" ဟော.. ဆရာဖုန်း... အတော်ပဲဗျ.. ဟဲဟဲ ..၀ဆွဲပါတဲ့.. အလှပဂေးတွေအကြောင်း ရေးမလားလို့ .. အဲဒါ သုတေသန ပြုကြည့်နေတာ .. ဆရာဖုန်းက မဟာဘုတ် ပါရဂူဆိုတော့ မေးစရာလေးတွေ မေးမလားလို့ "


" တိန်... "
" ကျနော် ၂ ယောက်ကို လေ့လာကြည့်နေတာ.. သူတို့ ရဲ့ အညွန့် နံ တွေ ရာဇရောက်တယ်.. အားလုံး အဓိပတိ ဖွားချည်းပဲဗျ.. "


"ဟုတ်လား .. ပြောစမ်းပါဦး .. နာမည်တွေ .. မွေးမဟာဘုတ်တွေ .. မွေးနံတွေ .."
" အင်း.. ဒီမှာ ဆရာဖုန်းရဲ့ .. သူတို့ ဟာလေးတွေ

1) Graham Norton - ၁ကြွင်း ကြာသပတေးဖွား ( ၀၄.၀၄. ၁၉၆၃)

" Graham Norton က BBC က ထုတ်လွှင့်တဲ့ The Graham Norton Show က Entertainer တစ်ယောက်ပေါ့ ။ Comedy monologues နဲ့  celebrity chat တွေမှာ presenter လုပ်တယ်ဗျ.. Channel 4 မှာလည်း သူပဲ.."











2) Elton John - ၆ ကြွင်း - အင်္ဂါသား .. အဓိပတိဖွား (၂၅.၀၃.၁၉၄၇) "

Elton John ကတော့ နိုင်ငံကျော် အဆိုတော်ကြီးပေါ့ဗျာ.. ဗြိတိန်က ဘုရင်မကြီးက သူ့  ကို Sir ဘွဲ့ တောင် ပေးထားတဲ့ အထိ အောင်မြင်ကျော်ကြားတယ်..










" နာမည်ကြီးတွေချည်းပဲပေါ့ ။ ဒါဆို ကျနော် ပထမဆုံး တစ်ယောက်ကို ပြောကြည့်မယ် .. ဂရေဟမ်နော်တမ် ပေါ့.. ဆရာတေး သတိထားမိလား ... သူ့ ရဲ့ အညွန့် ဂြိုဟ် ဖြစ်တဲ့ သောကြာဂြိုဟ် က အင်္ဂါနဲ့ ပက္ခမိထားတယ်ဗျ .."
" ဆရာဖုန်းကလည်း ပက္ခကတော့ မလွတ်တဲ့သူမရှိဘူး အကုန်မိတာပဲလေ.."

" အခုဟာက အဲဒါကို ပြောတာမဟုတ်ဘူး .. ဂြဟကာရကို ပြောတာ...အင်္ဂါဟာ ကျားလိင် ကို ကိုယ်စားပြုတယ် .. အဲသလိုမျိုး လိင်ပိုင်းဆိုင်ရာကို ပက္ခမိထားရင် ခြောက်တောက်တောက်တွေ ဖြစ်တတ်တာတော့ ရှိတယ်ဗျ.. ယောက်ျားလေးဆို စကားပြောဟန် နွဲ့ တာတို့  ၊ မိန်းကလေးဆန်တာတို့ ၊ လိင်တူစိတ်ဝင်စားတာတို့ ၊ မိန်းကလေးဆိုရင်လည်း စကားပြောဟန် ၊ ကိုယ်အမူအရာတွေက ယောက်ျားလေးလို ဖြစ်တာတို့ ၊ လိင်တူ စိတ်ဝင်စားတာတို့ ဖြစ်တတ်တယ်ဗျ.."


အညွန့် ဂြိုဟ် သောကြာ ၆ သည် ကျားလိင်ပိုင်းဆိုင်ရာ အင်္ဂါ ၃ ဖြင့် ပက္ခမိနေပုံ





" နောက်တစ်ယောက်ကို ကြည့်လိုက်.. Elton John , အယ်တန်ဂျွန် .. အင်္ဂါသား ၆ ခုကြွင်းလည်း အဲဒီအတိုင်းပဲ .. အမည်အဖျားစာလုံးက အင်္ဂါနဲ့ ပက္ခမိနေတယ်.. တွေ့ လား.. "

အမည်အဖျားစာလုံး ဂျွန် - တနင်္လာ ၂ သည် ကျားလိင်ပိုင်းဆိုင်ရာ အင်္ဂါ ၃ ဖြင့် ပက္ခမိနေပုံ



" ဗျာ.. အဲဒါမှ ဒုက္ခပဲ ဆရာဖုန်းရေ ..."
"ဘာ ဒုက္ခပဲလဲ ဆရာတေးရဲ့ .."

" ကျနော်က အင်္ဂါသား ၃ကြွင်းဗျ.. အမည် အရင်းလုံးရော အဖျားလုံးရော .. အင်္ဂါတွေချည်းပဲ မှည့်ထားတာ "
"ဟေ... "


Share/Bookmark