မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌ သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
မြန်မာ့ရိုးရာဗေဒင် နှင့် နက္ခတ် ဆိုက်ဒ်မှ ဆောင်းပါးများအား အောက်ဖော်ပြပါ အကြောင်းအရာများမှ အပ မူရင်းရေးသားသူနှင့် ဆိုက်ဒ်အမည်အား ဖော်ပြပြီး လွတ်လပ်စွာ ကူးယူနိုင်သည်။

(၁) ဘာသာတရား နှင့် နှိုင်းယှဉ်ပြီး ပုတ်ခတ် ရေးသားမှုများ
(၂) မသိ မတတ်ဘဲ ပညာရပ်များအား နှိုင်းယှဉ်တွက်ချက်မှုများ
(၃) အပျင်းပြေ၊ အပျော်သဘော အစရှိသည့် ပညာရပ်အား အထင်သေးစေမည့် တင်ဆက်မှုများ

လက်ရိုးနဲ့ လက်ဆန်းမှာ ဆုံချက်ရှိတယ်

Thursday, 22 October 2009
Comments

ကောင်းပြီ၊ အခု လက်ရိုးဗေဒင်ပညာရဲ့ ၁၂ရာသီခွင်နဲ့ လက်ဆန်းဗေဒင်ပညာရဲ့ အခါတိုင်ကို ဆက်စပ်ပြမယ်၊ အပ်ချလောင်း . . .



ကဲ . . . မရေးဖြစ်တာလည်းကြာပြီ။
အခုရေးမယ်၊ ဒါပေမယ့် လိုရင်းတိုရှင်းပေါ့။
ပရိယေသနအရေး၊ ဘာသာရေး၊ လူမှုရေး ဟိုအရေး ဒီအရေးတွေနဲ့ အလုပ်ရှုပ်သလိုလို အရှုပ်လုပ်သလိုလို ဖြစ်နေလို့ ။

ခုတလော ၂၀၁၂ မှာ ကမ္ဘာပျက်တော့မလိုလို၊ ဘာလိုလို ဟိုရေးဒီရေး ဟိုတွေးဒီတွေးတွေ တွေ့ သဗျ။
စိတ်မပူပါနဲ့ ဗျာ၊ အမှန်ကတော့ ဒီဇင်ဘာ၂၁၊ ၂၀၁၂ မှာ ဟိုရှေးတုန်းက မာယာလူမျိုးတွေ တီထွင်သုံးစွဲထားတဲ့ ပြက္ခဒိန်က ၅၁၂၆ နှစ် ကုန်ဆုံးသွားလို့ ကာလစက်ဝန်းတပတ်ကုန်ဆုံးတာကို ပြောတာပါ၊ ကာလစက်ဝန်းအသစ်ပြန်စမှာပေါ့ဗျာ။ သိတ်ကြောက်သွားသလား ကိုသိန်းမောင် . . . ကျုပ်သေနတ်က မိုးပေါ်ထောင်ပစ်လိုက်တာပါဗျ . . ဟဲ . . ဟဲ။

အားလုံးသိကြတဲ့အတိုင်းပဲလေဗျာ၊ မြန်မာဗေဒင်က တနင်္ဂနွေအစ စနေအဆုံး နေ့ ၇ နေ့ ကိုပဲ အခြေခံထားတော့ တချို့ က ဒိတ်အောက်နေသလိုလိုထင်ကြသေးတာမဟုတ်လား၊ အမှန်ကတော့ဗျာ ဒီကနေ့ ကမ္ဘာတ၀ှမ်းလုံး လက်ခံအတည်ပြု သုံးစွဲနေကြတဲ့ ပြက္ခဒိန်အကုန်လုံးဟာ တနင်္ဂနွေအစ စနေအဆုံးပဲ ထည့်သွင်းသတ်မှတ်ထားတာလေ၊ ပြက္ခဒိန်ထဲမှာ ပလူတိုနေ့ လည်း မပါ၊ နက်ပကျွန်းဒေးလည်းမရှိ၊ ယူရေးနပ်စ်လည်းမမြင်၊ အငြင်းပွားခဲ့ရတဲ့ ချီရွန်ဆိုအဝေးကြီးမှ တကယ့်အဝေးကြီးပဲ။

နေမိသားစုမှာ ပြက္ခဒိန်မှာထည့်သွင်းသုံးစွဲထားတဲ့ ဂြိုလ်တွေတည်နေပုံက ဒီလိုဗျာ။
စနေ
ကြာသာပတေး
အင်္ဂါ
ကမၻာ နဲ ့တနလာၤလ
သောကြာ
ဗုဒ္ဓဟူး
တနင်္ဂနွေနေမင်း

နေကိုပတ်နေတဲ့ အဲဒီဂြိုလ်တွေထဲမှာ စနေဂြိုလ်ကအဝေးဆုံးနဲ့ အနှေးဆုံးဖြစ်ပြီး ဗုဒ္ဓဟူးဂြိုလ်ကတော့ အမြန်ဆုံးနဲ့ အနီးဆုံးပေါ့ဗျာ။
တနလာင်္ဂြိုလ်လို့ ခေါ်တဲ့ လကတော့ နေကိုပတ်တာမဟုတ်ပဲ၊ ကမ္ဘာကိုပြန်ပတ်နေတာပေါ့၊ ကမ္ဘာရဲ့ အရံဂြိုလ်လို့ ပြောချင်လည်း ရတာပေါ့ဗျာ။

ဗေဒင်ပညာအရ ဂြိုလ်တွေကို စီစဉ်တဲ့အခါကြတော့ လည်ပတ်နှုန်း အနှေးဆုံးဖြစ်တဲ့ စနေဂြိုလ်ကနေ စတင်ပြီး အမြန်ဆုံးဖြစ်တဲ့ တနလာင်္ဂြိုလ်မှာ အဆုံးသတ်ထားတယ်၊ နေကိုပတ်တဲ့အခါ ဗုဒ္ဓဟူးက အမြန်ဆုံးဖြစ်ပေမယ့် ကမ္ဘာကိုပတ်တဲ့ တနလာင်္လ ဗုဒ္ဓဟူးထက် ပိုမြန်ပါတယ်၊ ဒါကြောင့် တနလာင်္ကအမြန်ဆုံးဖြစ်သွားတာပါ၊ ဒီတော့ ဂြိုလ်စဉ်တွေက ဒီလိုဖြစ်လာတယ်။ ဒီနေရာမှာ ကမ္ဘာဂြိုလ်က နေကိုပတ်တာ မှန်ပေမယ့် နေကိုမှီတည်ပြီးလည်ပတ်ရှင်သန်နေရတဲ့ ကမ္ဘာပေါ်က လူသားများအကြောင်းကို ဟောပြောမှာဖြစ်လို့ ကမ္ဘာဂြိုလ်နေရာမှာ တနင်္ဂနွေဂြိုလ်(နေမင်း)ကို အစားထိုး လဲလှယ်သုံးစွဲထားတယ်လို့ ယူဆမိပါတယ်။

စနေ (အနှေးဆုံးဂြိုလ်)
ကြာသာပတေး
အင်္ဂါ
တနင်္ဂနွေ
သောကြာ
ဗုဒ္ဓဟူး
တနလာင်္ (အမြန်ဆုံးဂြိုလ်)

ဒီဂြိုလ်စဉ်ကို ဗေဒင်အခေါ်နဲ့ ပြောင်းလဲခေါ်ပြရမယ်ဆိုရင် . . .

ဝ သောရီ (စနေ)
၅ ဂုရု (ကြာသာပတေး)
၃ ဘောမ (အင်္ဂါ)
၁ သူရဇ္ဇ (တနင်္ဂနွေ)
၆ သောကြာ (သောကြာ)
၎ ဗုဒ္ဓ (ဗုဒ္ဓဟူး)
၂ စေျႏၵာ (တနလာၤ)

အခုဂြိုလ်စဉ်က မြန်မာ့ဗေဒင်ပညာထဲက လက်ဆန်းဗေဒင်တစ်မျိုးဖြစ်တဲ့ အင်္ဂ၀ိဇ္ဇာဂြိုလ်စဉ်တည်ပုံပါပဲခင်ဗျာ။ တနည်းပြောရရင်တော့ ဆပွတ်ဂြိုလ်စဉ်ပေါ့။ ဒီလောက်ဆိုရင်တော့ မြန်မာ့ဗေဒင်မှာ ဂြိုလ်စဉ်တွေ ဖွဲ့ တည်ပုံကို အသိအမှတ်ပြု လေးစားလောက်ပြီ ထင်ပါတယ်။

နည်းနည်းလျှာထပ်ရှည်လိုက်ဦးမယ်။ တိုင်စဉ်တည်ပုံပြောပြီးတော့ ရာသီခွင်တည်ပုံဆက်ပြောပြမယ်။ မြန်မာလို ပြောရင်တော့ တန်ခူးအစ တပေါင်းအဆုံးပေါ့ဗျာ၊ ဗေဒင်အခေါ်အရတော့ မိဿရာသီအစ မိန်ရာသီအဆုံးပေါ့။ အဲဒီ ၁၂ ရာသီခွင်ထဲက ရာသီတိုင်းမှာ ရာသီစောင့်န၀င်းဂြိုလ်တွေရှိတယ်ဗျာ၊ လကာင်္ရွတ်ပြရရင် စ သာ ရွှေ ကူ အင်း ၀ သူ ဆန် ဖြူ တ တင်း ပေး။

၁၂ရာသီခွင်ရဲ့ ရာသီစောင့်န၀င်းဂြိုလ်တွေကို သောကြာနဲ့ အင်္ဂါ (၆+၃)အတွဲ၊ ကြာသာပတေးနဲ့ ဗုဒ္ဓဟူး ( ၅+၄)၊ စနေနဲ့ တနလာင်္ ( ၀+၂)နဲ့ ကိုးန၀င်းတွဲတွေ တွဲပြမယ်၊ နောက်ဆုံးမှာ သတ္တ၀ါတွေကို တေဇောဓါတ်ကလမ်းဆုံးကိုပို့ မယ်၊ နိဂုံးချုပ်ပေးမယ် ဒါကြောင့် တနင်္ဂနွေနဲ့ စနေ (၁+၀) တေဇောဓါတ်တွဲနဲ့ အစသတ်အဆုံးသတ်မယ်။

ကောင်းပြီ၊ အခု လက်ရိုးဗေဒင်ပညာရဲ့ ၁၂ရာသီခွင်နဲ့ လက်ဆန်းဗေဒင်ပညာရဲ့ အခါတိုင်ကို ဆက်စပ်ပြမယ်၊ အပ်ချလောင်း . . .

ဟောဒီမှာကြည့် တိုင်မသိက သူရဇ္ဇတဲ့ကွဲ၊ သူရဇ္ဇတိုင်ကို ပြပေးမယ်ကွာ။

မတလုံးကြေ အတုလဆရာတော် ခင်ကြီးဖျော်က ကျမ်းရင်းလကာင်္အနေနဲ့ (သစ်ဆိမ့်ပန်းယသူရဇ္ဇ နေထကောင်းကြွယ်ရာ၊ လင်းပြစည်သာ အစဉ်သာ ရှောင်ခွာဝေးစွသူရဇ္ဇ) ဆိုပြီး န၀င်းတွဲကို ပြခဲ့တယ်၊ အမြစ်အညွန့် မတွန့် စေရလို့ လည်း ဆိုခဲ့သေးတယ်။

မူလအချာ ၁ ကို ၅+၄ န၀င်းတွဲက ကောင်းစေတယ်
မူလအချာ ၁ ကို ၆+၃ န၀င်းတွဲက ကောင်းစေတယ်
မူလအချာ ၁ ကို ၀+၂ န၀င်းတွဲက ကောင်းစေတယ်လို့ အခါတိုင်မှာ သတ်မှတ်ထားတယ်။
တေဇောဓါတ်အဆုံးသတ်က ၁+၀ တွဲ၊ ဒါက မူလနဲ့ အမြစ် လို့ ခေါ်တယ်၊ သစ်ပင်မှာ အမြစ်မရှိရင် မူလပင်စည်မရှိနိုင်ဘူး၊ ဒါကြောင့် တတိုင်လုံးတည်တံ့ရှင်သန်နေဖို့ အမြစ်နဲ့ မူလပင်စည်တွဲက မဖြစ်မနေလိုတယ်။

ရာသီခွင်နဲ့ အခါတိုင်ကိုယှဉ်ကြည့်လိုက်. . . ၁၂ ရာသီခွင်က န၀င်းတွဲတွေနဲ့ တနင်္ဂနွေအခါတိုင်က န၀င်းတွဲတွေ တူနေတာတွေ့ ရမယ်။
ဒီတော့ လက်ရိုးဗေဒင်နဲ့ လက်ဆန်းဗေဒင်ဆိုတာ ဆက်သွယ်မှုလုံးဝမရှိပါဘူး၊ သီးခြားရပ်တည်နေတဲ့ ပညာရပ်နှစ်ခုသာ ဖြစ်တယ်လို့  ဘယ်သူငြင်းချင်သေးလဲ . . . ။

ဇေယျာမောင်