မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌
သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
၅၀၀၀ တန် အစီအရင်
Tuesday, 29 September 2009Posted by
တေးအေးရိပ်
Comments
အနီရောင် ၊ ဆင်ဖြူတော် ၊ လွှတ်တော်အသစ်ထုတ်ဝေမည့် ၅၀၀၀ တန်၏ ပေါ်လွင်သောအရောင် မှာ အနီရောင်ဖြစ်၏ ။ မျက်နှာစာဘက် အလယ်ပိုင်းတွင် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော် ပုံ ပါရှိ၏ ။ ကျောဘက် အလယ်ပိုင်းတွင် လွှတ်တော် အဆောက်အအုံပုံကို ရိုက်နှိပ်ထား၏။

က) ၅၀၀၀
အစီအရင်ပြုလုပ်ရာတွင် ရတနာ (၃) ပါး ဦးထိပ်ထားသည့် အစီအရင်အနေဖြင့် သာသနာ ၅၀၀၀ ကို ကိုယ်စားပြုသည့် သင်္ကေတ ဖြင့် စီရင်ထား၏။
ခ) ၅
ကြာသပတေး (ပ၊ဖ၊ဗ၊ဘ၊မ) အား ကိုယ်စားပြု ဂဏန်း ဖြစ်ပြီး ဂုရု ဟူ၍ ခေါ်ဆို၏ ။ ဂုရု ၏ အဓိပ္ပါယ်ကား ဆရာသခင် ၊ အရှင်သခင် ဖြစ်၏။ မဲပေးခြင်း ဆိုင်ရာအတွက် အဓိကထားပြီး စီရင်၏။ ကြာသပတေးနေ့ တွင်ပင် ထုတ်ဝေ၏။
ဂ) အနီရောင်
အနီရောင် သည် လက်ဆန်းဗေဒင်အရ တနင်္ဂနွေဂြိုဟ်ဖြစ်ကာ ဖွင့်ဆိုသတ်မှတ်ချက်မှာ အကြီးအကဲ ၊ မင်း အစိုးရ ၊ အုပ်ချုပ်ရေး ကို ညွှန်းဆို၏။ လက်ရိုးဗေဒင်အရ အင်္ဂါဂြိုဟ် ဖြစ်ပြီး စစ်ဖက်ဆိုင်ရာ တို့ အား ညွန်းဆို၏ ။ ငွေစက္ကူအား ကြည့်လိုက်သည်နှင့် ယခင့်ယခင် ငွေစက္ကူများနှင့်မတူ အစိမ်းရောင် ကင်းစင်လျှက် သိသာ မြင်သာစေမည့် အရောင် အဖြစ် အနီရောင် လွှမ်းမိုးသည့် အရောင်အား ရွေးချယ်ထား၏ ။ မကြာမှီ လာတော့မည့် ကာလအတွက် မင်းအစိုးရ အုပ်ချုပ်ရေးပိုင်းတွင် စစ်ဖက်ဆိုင်ရာများ အားသာစေရန် စီရင်ထား၏ ။
ဃ) ဆင်ဖြူတော်
ဆင် သည် အက္ခရာ အရ (စ၊ဆ၊ဇ၊ဈ၊ည) အဂ်ါ ၊ နေ့ နံအရ ဗုဒ္ဓဟူး ဖြစ်၏ ။ ဘုန်းကံရှိသော ရှေးမြန်မာမင်း များ၏ အဆောင်အယောင် ဖြစ်၏ ။ ဆင်ဖြူတော် ပေါ်သဖြင့် ဘုန်းရှင်ကံရှင် မင်းဟု အစီအရင်ပြုသူမှ ယူဆ၏ ။
င) လွှတ်တော်
လွှတ်တော်သည် (ရ၊ယ၊လ၊၀) ဗုဒ္ဓဟူး ဖြစ်၏ ။ အခြေခံဥပဒေ နှင့် ရွေးကောက်ပွဲများအတွက် အရေးပါ၏ ။
စ) ဆပွတ်ဂြိုဟ်
ဆပွတ်ဂြိုဟ်သည် မူလမွေးနံ မှ ၆ ခုမြောက် ဂြိုဟ်အားကိုယ်စားပြု၏ ။ ဆပွတ် သည် အနိုင်ဓါတ် ဆင်ရာတွင် အသုံးပြု၏။ " သူ့ ကို နိုင်လို 'ဆ' ကို ခို" သည် ဆပွတ်ဂြိုဟ်အား အသုံးပြုပုံများထဲမှ တစ်နည်းဖြစ်၏။ အနိုင်လိုချင်သူမှ ဆပွတ်စွမ်းအားကို အသုံးချခြင်း ဖြစ်၏ ။ မဲပေးခြင်း ဆိုင်ရာ ကြာသပတေးဂြိုဟ် ၏ ဆပွတ်ဂြိုဟ် သည် အင်္ဂါ (စ၊ဆ၊ဇ၊ဈ၊ည) ဖြစ်ပြီး အစီအရင်ပြုလုပ်သူ သောကြာ၏ ဆပွတ် ဂြိုဟ်မှာ ဗုဒ္ဓဟူး ဖြစ်၏။ ဆင်ဖြူတော် နှင့် လွှတ်တော် တို့ သည် သောကြာပိုင်ရှင်၏ ဆပွတ်စွမ်းအား အစီအရင်များ ဖြစ်၏ ။ ဆပွတ် ၂ ချက် ဆင့်ထားသဖြင့် အပြင်းစား ဆပွတ် ဟု ဆိုရလောက်၏ ။

ဆ) မိတ်ဓါတ်
အောင်ပ၊ ကုလား ၊ ဆွေသား ၊ တော်ရင်း မိတ်ဖက်ခြင်း (အပြင်မိတ် လင်္ကာ) ၊
အန္တော ၊ ဂဗ္ဘေ၊ စရေ ၊ ၀ံသေ ဓါတ်မိတ် ပေ (ဓါတ် လင်္ကာ)
ဝင်စေလိုလျှင် 'မိတ်ဓါတ် ' ဟုဆိုသည့် ပညာခန်းအရ အစီအရင်ပြုမည့် သူအတွက် ၀င်စေလို သည့် ၊ တစ်နည်းအားဖြင့် အလိုရှိသည့် အရာအတွက် အက္ခရာ ဆင် (ဆ ) သည် မိတ်လင်္ကာ အရ ဆွေသား ၊ နေ့ နံ ဆင် (ဗုဒ္ဓဟူး) သည် ဓါတ်လင်္ကာ အရ ၀ံသေ ဖြင့် စီရင်ထား၏။

ဇ) ဆပွတ်-တြိရန်း ကြိုး

အစီအရင်ပြုလုပ်သူ သောကြာ အတွက် ကောင်းကျိုးပေးမည့် ဆပွတ် (၄) လွှတ်တော် နှင့် တြိရန်း (၁) အနီရောင် တို့ ဆက်သွယ်ချက် ဖြစ်သည် ။ တစ်နည်းအားဖြင့် န၀င်း အစီအရင် ဖြစ်၏။
ဈ) ဆပွတ်- ပဉ္စပွတ် ကြိုး

သောကြာ၏ ဆပွတ် (၄) လွှတ်တော် နှင့် ပဉ္စပွတ် (၃) ဆင်တို့ ၏ ဆက်သွယ်ချက် ကြိုးဖြစ်၏ ။ သောကြာအတွက် ကောင်းကျိုးပြုစေမည့် အစီအရင် တစ်နည်း ဖြစ်၏ ။
ပညာရပ်ဆိုင်ရာ အစီအရင်များကိုသာ ဖော်ပြထားပါသည်။
Labels:
ဆောင်းပါး
၅၀၀၀ တန် အစီအရင်
2009-09-29T01:05:00+01:00
တေးအေးရိပ်
ဆောင်းပါး|
Subscribe to:
Post Comments (Atom)



