မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌ သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း

လုပ်ကြည့်မှ သိမယ်

Sunday, 13 September 2009
Comments

အလုပ်အကိုင် မရသေးသဖြင့် ဗေဒင်ကို အားကိုးနေကြသူများ ...





အလုပ်အကိုင် အဆင်မပြေ ၊ မရရှိသေးသည့် သူများ ဤ ပုံ ကို ကြည့်ပါ။


ဤပုံကို ကြည့်ပါ .. လှလို့ ကြည့်ခိုင်းသည် မဟုတ်ပါ။ ဘုန်းကြီးကျောင်း မီးဖိုချောင် သန့်  ရှင်းရေး လုပ်နေသည့် ပုံဖြစ်၏ ။ တစ်မင်ကို ရိုက်ခိုင်းထားခြင်းဖြစ်၏။ ဂစ်မီးဖို တွင် ကပ်နေသည့် ဆီချေးများ ၊ ဟင်းချက်ပြီး တူးကပ်နေသည့် ဟင်းချိုးများ ၊ မီးခိုးခေါင်းတိုင်တွင် စွဲကပ်နေသည့် ဆီချေးများအား ချွေးထွက်စေမည့် လုပ်အားဒါန ကုသိုလ် ပြုခဲ့သဖြင့် ဓါတ်ပုံထဲမှ အလုပ်မရသေးသည့် မိန်းမပျိုလေး တစ်ဦး ယခု လာမည့် ၂၂ ရက်နေ့ တွင် စူပါမားကတ် တစ်ခု၌ အလုပ်စတင် ဆင်းရသွားပြီ ဖြစ်၏ ။

အလုပ်အကိုင် မရသေးသဖြင့် ဗေဒင်ကို အားကိုးနေကြသူများ ...လုပ်အားဒါန ကုသိုလ် လေးလည်း လုပ်ကြပါအုံးလို့  အကြံပေး တိုက်တွန်းလိုပါတယ်။ ကံကောင်းအောင် ဘယ်လို ပြုပြင်မလဲ ဆိုတာကတော့ ကိုယ်လုပ်မှ ကိုယ်ရမှာမို့  လုပ်ကြည့်မှ သိပါလိမ့်မယ် ...

---

စက်တင်ဘာ ၆ ရက် တနင်္ဂနွေနေ့  နံနက်ခင်း အချိန်တွင်. .

" မောင် . . "
" ဘာလဲနွယ်ရဲ့ .."

" ဒီနေ့ တနင်္ဂနွေဆိုတော့ မောင်အားလား ဟင်"
" နွယ် ဘယ်သွားချင်လို့ လဲ"

" မောင်အားရင် မောင့်ဆီက ဗေဒင်နဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေ ယူမလို့ ပါ။ သူများတွေကျတော့ ဘယ်တော့ အလုပ်ရမယ် တွက်ပေးပြီး နွယ့်ကျတော့  မတွက်ပေးဘူး .. အဟင့်"
" သြော် .. နွယ်ရယ်. . ကံ ကံ၏ အကျိုးပေါ့ကွယ် . . ကုသိုလ်ကောင်းမှုသာ လုပ်နေ . . အလုပ်ရသွားလိမ့်မယ် . . "

" ဟင်း.. တော်ပါပြီ .. ဆရာ ဝေသာလီ အွန်လိုင်းတက်လာမှ ပဲ သွားမေးတော့မယ် "
" အမယ် .. ဆရာ ဝေသာလီ က အွန်လိုင်း တက်ရင် မောင်နဲ့ သိပ်ပြောဖြစ်တာမဟုတ်ဘူး . . သူလည်း သူ့ ကိစ္စနဲ့ သူ အလုပ်များနေတာ... အပူသွားကပ်မနေနဲ့ . . အဲ.. ဒါပေမဲ့ ဆရာ ဇေယျာမောင် ကို မေးပေးမယ်လေ. . သူနဲ့ က စနေ ၊ တနင်္ဂနွေ ဆို G-talk မှာ ပြောဖြစ်နေတာ။"

ပြောပြောဆိုဆို နံနက်စာ စားသောက်ရင်းတန်းလန်းဖြင့် ကွန်ပျူတာဖွင့် ၊ ဂျီတော့ခ်အွန်ကာ ဆရာဇေယျာမောင် အွန်လိုင်းတက်အလာကို စောင့်နေလိုက်လေ၏.. ခဏအကြာအတွင် ဆရာဇေယျာမောင် အွန်လိုင်းတက်လာသဖြင့် အလာပ သလာပ စကားများ ပြောဆိုကာ . . အမျိုးသမီး အလုပ်မရသဖြင့် ဗေဒင်ဆိုင်ရာ အကြံပြုချက် ရယူရန် စကားလမ်းကြောင်း ပျိုးလိုက်လေ၏ ..။

" အင်း.. အဲဒါ အလုပ်အတွက် အစီအရင် ဖြစ်ဖြစ် ၊ ယတြာ ဖြစ်ဖြစ် လိုချင်လို့ ဆရာ ဇေယျာမောင်ရေ.. အဲဒါ ဘာတွေဘယ်လို ဆောင်ရွက်ရမလဲဆိုတာကို အကြံပေးပါအုံး ဆရာဇေရေ..သူက အခု ဗုဒ္ဓဟူးသက်ရောက် ၊ စနေသမီး "

၀၂ - - - - - - - -
၆၁ - - - - - - - -
၅၀ - - - - - - - -
----
၄၆ - - - - - - - -
၃၅
- - - - - - - -
၂၄
- - - - - - - -
၁၃
- - - - - - - -

သက်ရောက် ကောဇာ

ဆရာဇေယျာမောင်မှ...

" အင်း . . ဒီလိုရှိတယ် ဆရာတေးရေ .. သူ့ အနေနဲ့ က စိတ်မပျော်စရာ ဖြစ်တာမျိုးကလွဲရင် ကံကောင်းပါတယ် .. ဒီနှစ်မှာ ။ နာမည်အဖျားလုံး နည်းနည်း ညံ့နေလို့ ပါ။

" ဟဲဟဲ... ကျနော့ဆီ ရောက်လာလို့ သူပျော်တယ်.. ဒါပေမဲ့ အိမ်က မိသားစုတွေနဲ့ ခွဲရလို့ လွမ်းနေတယ် ။"

" ဆရာတေး နိစ်-ပြ ယတြာ လုပ်ပေးလိုက်လေ"
" ၂-၆ ကိုလား ဆရာဇေ"

" ဟုတ်တယ် ။ အလုပ်ကတော့ ထင်သလောက် လွယ်မယ် မထင်ဘူး ။ ကျန်းမာရေး ညံ့တာလည်း ဖြစ်နိုင်တယ်။ တိုင်ထပ်မှာ စနေရှိတဲ့ အတွက် တိုင်ခြေ တနင်္ဂနွေ ကို ညွှန်းနေတယ်။ တစ်ကယ်လို့ နေမကောင်းဖြစ်ရင် ဦးခေါင်းနဲ့ ပတ်သက်နိုင်တယ် ။ အလုပ် အနေနဲ့  ၊ အိမ်နေရာ အနေနဲ့ သောက မကင်းတဲ့ အပြောင်းအလဲမျိုး ကြုံမယ် ။ အိမ်ပြောင်းတာကတော့ ဖြစ်ပြီးပြီပေါ့လေ.. မြန်မာကနေ ဒီကို ရောက်တယ်ဆိုတော့ ။ အကြီးအကဲအတွက်လည်း စိတ်ပူမှာပေါ့ "

" နိစ်-ပြ ဆိုတော့ နိစ်က ၂-၄ , ပြက ၆-၁ ။ ကပ်ဂြိုဟ်လေးတွေ ကောင်းနေတော့ သင်္ကန်းလှူလိုက်မယ် "
" သင်္ကန်းလျှော်ရမယ် ဗျ.. နိစ်-ပြ ကို အထက်ဂြိုဟ် ကပ်နေလို့ လျှော်တာက ပို သင့်တော်တယ်။ ပြီးတော့လည်း အိမ်သာ သန့် ရှင်းရေး လုပ်ရမယ်။ ဘုန်းကြီးကျောင်းမှာ ။ ၆ က အိမ်သာ နဲ့ ဆိုင်တယ်။ စနေ အတွက် ဘုမ္မိပေါ့ "

" ၆-၁ , ၁-၆ ပေါ့နော် .. ဒီနေ့ ပဲ သွားလုပ်ခိုင်းလိုက်မယ် .. ဟဲဟဲ "

" ပြီးတော့ ဘုရားစင်ရှင်း ၊ စေတီ သန့် ရှင်းရေးလုပ် ။ ၂ က စနေရဲ့ တေဇ ဆိုတော့ ဘုန်းကံအတွက် ပြုပြင်ပေးတာ။ နံမည်အဖျားလုံး တန်းကပ် တဲ့အတွက် ၆ ခရီးသွားချင် စိတ် ဖြစ်တယ်။ ကပ်လို့ ခရီးအောင်မြင်တယ် ။ ခရီးသွားပြီးတဲ့အခါကျတော့ စိတ်မတည်မငြိမ် ဖြစ်တယ်။ တိုင်ထိပ် မွေးနံ အားကြောင့် အဆင်ပြေမှာပါ။ ၅ တန်းစီး ဖြစ်တဲ့အချိန် ပုတီးစိပ် ၊ ပဋ္ဌာန်းရွတ် တာ အကောင်းဆုံးပဲ ။ ညံ့တာတွေပျောက် ၊ကောင်းတာတွေ ဖြစ်လာမယ်။

နောက်ပြီး ဆရာတေး မေးချိန်က ကျနော့ဘက်က ကြည့်ရင် တနင်္လာတိုင် ၊ အလုပ် အကိုင်ကို ပြောတဲ့ ၁ က ညံ့နေတယ်။ သက်ရောက်ကောင်းရင် ကံကောင်းတယ် နာမည်မှာ ဋ္ဌနာ ကောင်းပြီး ကပ်ဂြိုဟ် ညံ့တော့ ရုပ်စိတ် နည်းနည်း ညံ့တယ် ၊ ပူစရာ မရှိပါဘူး၊ နိစ်ပြ ဋ္ဌာန မကောင်း ၊ မွေးနံ နာမည် ရောက်မှာသာ ကျန်းမာရေး သတိထားရမယ်"

ဤသို့ ဖြင့် နေ့ လည် ၁၂ နာရီလောက်အချိန်တွင် သာသနာ့ရံသီ ဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့ပြီး ဆောင်ရွက်စရာများဖြစ်သည့် သင်္ကန်းလျှော်ခြင်း ၊ကုဋီဆေးကြောခြင်းများအား အမျိုးသမီးအား ပြုလုပ်စေလိုက်၏ ။

ဘုန်းကြီးကျောင်းတွင်လည်း အလုပ်မရသေးသော အခြား မိန်းမပျိုလေး တစ်ဦးအား တွေ့ ရလေ၏ ။ လုပ်စရာကိစ္စများ ပြီးစီးသောအခါ ဘုန်းကြီးကျောင်း မီးဖိုခန်းကို သတိရသဖြင့် မီးဖို ရှင်းလင်းရန် အကြံ ဖြစ်လာလေ၏ ။

ပိတ်နေသော ကံများကို လုပ်အားကုသိုလ်ဖြင့် ပွင့်စေနိုင်သည်ကို ကိုယ်တိုင်လုပ်ဖူးမှ သိပေလိမ့်မည်။
လက်တွေ့ စီရင်ခြင်း (၁)
လက်တွေ့ စီရင်ခြင်း (၂)
လက်တွေ့ စီရင်ခြင်း (၃) ဆောင်းပါးများတွင် ဖတ်ရှုနိုင်သည်။


ထို့ ကြောင့် ကျွန်တော် အပါအ၀င် အလုပ်မရကြသေးသည့် ဇနီး နှင့် ထို မိန်းမပျို ၊ စုစုပေါင်း (၃) ဦး စုပေါင်းပြီး မီးဖိုချောင် သန့် ရှင်းရေး လုပ်ခဲ့  ပြီး အပြန်ခရီးတွင် ဇနီးအား .. "ဒီအလုပ်မရသေးတဲ့သူ ၂ ယောက်ထဲက ဘယ်သူအရင် အလုပ်ရမလဲဆိုတာကို ဘလော့မှာ မှတ်တမ်းတင်မယ် " ဟု ပြောခဲ့လေ၏။

ယခုဆောင်းပါးရေးသားသည့် အချိန် ၌ ထို မိန်းမပျိုလေးမှာ ရှေ့ လာမည့် ဗုဒ္ဓဟူးနေ့ တွင် စူပါမားကတ် တစ်ခု၌ အလုပ်စတင်ဆင်းရတော့မည် ဟု အလုပ်ရရှိသွားကြောင်း သတင်းစကားကြား ပြီးသည့် အချိန်ဖြစ်လေ၏ ။ ဇနီးမှာကား မျက်ရည်များဝဲကာ .. သူကတော့ ဘာကြောင့် အလုပ်မရတာလဲ ဟု မေးမြန်းသဖြင့်

" ကုသိုလ်တရားတွေကို အကုသိုလ်တရားတွေက အကျိုးပေးခွင့်မသာအောင် ဖုံးထားလို့ ." ပေါ့ ဟုသာ
ဖြေကြားပေးလိုက်ပေတော့၏ ။