မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌
သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
နိမိတ် က ပြောတဲ့ နိမိတ်
Sunday, 30 August 2009Posted by
တေးအေးရိပ်
Comments
" ဓနုတ်ဘုရားပြို .. ဗိုလ်ချုပ်မယား ငို " ၊ " ဘုရားလဲပြို .. ငသန်းလဲ ငို "
ဒလမြို့ ရှိ ဓနုတ်စေတီတော်ကြီး မေ ၃၀ ရက်နေ့ တွင် ပြိုကျ မြေခ ခဲ့၏ ။ ၁၄၊ ၁၀ ၊ ၂၀၀၈ မှ စတင်ပြီး မူလ စေတီ ဘုရားငုတ်တိုကို ငုံကာ ၉ န၀င်းဆောင်ပြီး ၉ လဖြင့် အပြီးတည်ကာ နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မယား ဒေါ်ကြိုင်ကြိုင်က ထီးတော်တင်ခဲ့သည့် ဓနုတ်စေတီ ပြိုကျမြေခ ခဲ့လေပြီ။ နအဖ စစ်အစိုးရအတွက် အတိတ် နိမိတ် မကောင်းဘူး ဟု ပြည်တွင်း၊ ပြည်ပမှ လူများက ဟိုတစ်မျိုး၊ ဒီတစ်ဖုံ ဝေဖန် ပြောဆိုကြပြန်၏။
" ဓနုတ်ဘုရားပြို .. ဗိုလ်ချုပ်မယား ငို " ၊ " ဘုရားလဲပြို .. ငသန်းလဲ ငို " အစရှိသည့် အရူးချီးပန်း ကဗျာများ ဆရာလိုလို သဘာလိုလို လျှောက်ရေးကြတော့၏။ လေသေနတ် ဖောက်တမ်း ကစားကြလေ၏ ။
၂၀၀၈ ခုနှစ် မေ ၃၀ ရက်သည် ဒီပဲယင်းလုပ်ကြံမှု ၆ နှစ် ပြည့်မြောက်သည့် နေ့  လည်းဖြစ်၏ ။ ယင်းလုပ်ကြံမှုတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးမှ ကံသီကာ လွတ်မြောက်လာခဲ့ရ၏ ။ ဒီပဲယင်း လုပ်ကြံမှု အပြီးတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် စတင် အကျခံခဲ့ရ၏ ။ ဓနုတ်စေတီတော် ပြိုကျသည့် နေ့ သည် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်ရန် လ ပိုင်းမျှသာ လိုတော့သည့် အချိန်လည်း ဖြစ်၏ ။ စေတီတော်ပြိုကျသဖြင့် လုပ်အားပေး သူများမှာ တာဝန်ရှိသူများ၏ သတင်းမပြန့် ပွားရေး ၊ လိုအပ်သော အဟန့် အတားများ ၊ အတားအဆီးများ အချိန်မှီ ပြုနေရသောကြောင့် အသက်ဆုံးရှုံးခဲ့ရလေ၏ ။
ထို ဓနုတ်စေတီတော် ပြိုကျမှုသည် နိမိတ်စကား ဖြစ်ခဲ့ရပြီ။
ရင်ပြင်တော်ပေါ်ရှိ ပြိုကျနေသော အုတ်ပုံများ အထဲတွင် ပိတ်မိနေသူများ နည်းတူ ၊ အကျယ်ချုပ်မှ လွတ်မြောက်ရန် လပိုင်းအလို တွင် မူလ အကျယ်ချုပ်မှ တစ်ဖန် လွတ်မြောက်ကာ မတရား စီရင်ရေးကြောင့် အကျယ်ချုပ် အသစ်တွင် ထပ်မံ အချုပ်ခံရပြန်၏ ။ ကိုးန၀င်း ပိုင်ရှင် ဒေါ် အောင်ဆန်းစုကြည် ( ၁+၃+၃+၂ = ၉ ) အား ကြောက်ရူးရူးနေသဖြင့် မတရား အမိန့် ချရာတွင် ၉ ဂဏန်းပင်မလွတ် ။ အမိန့် အရ ၃ နှစ် ( ၃၆ လ = ၃+၆ = ၉) .. ဗိုလ်ချုပ်သမီးဖြစ်သောကြောင့် သနားသက်ညှာစွာ... ပြည်ပဖိအားများအား ကြောက်ရွံ့ သဖြင့် ထက်ဝက်လျှော့ပေါ့ကာ ၁ နှစ်ခွဲ ( ၁၈ လ = ၁+၈ = ၉) ... ။ တတ်လည်း တတ်နိုင်ပါပေ့ ။ ကံကံ၏ အကျိုးအရ ယခင့် ယခင် ဘ၀တုန်းက လှောင်ချိုင့်ထဲတွင် အကောင်ပလောင်များကို ဘယ်နှစ်ခါလောက် ထည့်ခဲ့သည်မသိ... ၀ဋ်ကြွေး ရှိသရွေ့ တော့ ခံရပေအုံးမည် .။
ဓါတ်သဘောအရ စနေ ၏ ဓါတ်တွဲသည် တနင်္ဂနွေ ဖြစ်၏ ။ ဓါတ်သဘောသည် ကျန်းမာရေးကိုလည်း ညွှန်ပြ၏ ။ တနင်္ဂနွေသည် အကြီးအကဲ ကိုလည်း ညွှန်းဆို၏ ။ န၀င်းပိုင်ရှင် နှင့် စစ်အာဏာရှင် တို့ ကျန်းမာရေး လွန်ဆွဲတော့မည်။ န၀င်းပိုင်ရှင်သည်လည်း အသက် ၆၀ ကျော်ပြီ ။ စစ်အာဏာရှင် သည်လည်း ၇၀ ကျော်ကာ ကင်ဆာရောဂါ ဖြစ်နေသူ ။ တစ်ပွဲတစ်လမ်း အကဲစမ်းစရာမလို ။ မည်သူက လျှင်မြန်စွာ မာလကီးယားမည် ဆိုသည်ကား မသိ ။ သို့ သော် အနှေးနှင့် အမြန် ဆိုသလိုပင် လူသားအားလုံး မာလကီးယားမည် ဖြစ်၏။
၉ န၀င်း မွှေသဖြင့် ကိုးကန့် ပင် အငြိမ်မနေရ။ ဆော်ကုန်ကြပြီ ။ ၉ ဆိုလျှင် ၉ သင်္ချိုင်း ပင် မနေရ ။ နယ်ချဲ့ ရန်မှ ကာကွယ်ရန် ဟု အကြောင်းပြကာ တုတ်ပီး ။ ဓားပီး ၊ သေနတ်ပီး သည့် အစီအရင်များ ၊ ဇော်ဂျီဖိုဝင်သား အစရှိသည့် ပဝေသဏီမှ ရာဇ၀င်များကြောင့် သာမညဆရာတော် ရုပ်ကလာပ် ပင် မနေရ ၊ မ, ပြေးကြလေတော့၏ ။ အင်း ၊အိုင် ၊ ဆေးဝါး ၊ တုတ်ပီး ၊ ဓားပီး အရာများအား မယုံကြည်ဟု အသံသေးအသံကြောင် ဟစ်နေကြကုန်သော သိပ္ပံ ပညာသမားများကလည်း ၄င်း ပီးစီးသည့် အရာများ ကြားလိုက်လျှင် ကိုယ်တိုင်မတွေ့ ကြုံဖူးသဖြင့် မယုံဘူး ဟု ဘူး ခံကြသော်လည်း ထိုအရာများ ရလျှင်တော့ လိုချင်ကြ၏ ။
ကျွန်ုပ်ထံတွင်တော့ တုတ်ပီး ၊ ဓားပီး ၊ သေနတ်ပီး သည့် ဆေးတော့ မရှိပါ ။ သို့ ရာတွင် နန်းတွင်းသုံး ဆေးနည်းတစ်မျိုးတော့ ရှိသည်။ နန်းတွင်းအစဉ်အဆက် နှစ်ရှည်လများ ထိမ်းသိမ်း လာခဲ့သည့် ဆေးကျမ်းစာအုပ်မှ နည်းဖြစ်၏ ။ နန်းတော်အတွင်း လူ နှင့်ဆက်ဆံဖို့ ကြောက်နေသူများ ၊ အင်တာနက်တွင် လူချင်းမတွေ့ သဖြင့် မိမဆုံးမ ဖမဆုံးမ ရိုင်းချင်တိုင်း ရိုင်းနေသူများအတွက် အသုံးဝင်စေမည့် ဆေးဖြစ်သည်။ ထိုဆေးကား အခြားမဟုတ် .. တုတ်ပီး ၊ ဓားပီး ၊ သေနတ်ပီး ထက် အစွမ်းထက်သည့် "လူပီး" ဆေး ဖြစ်၏ ။
လူပီး ဆေးအတွက် ဖော်စပ်နည်းကာ အခက်အခဲကြီးတော့ မဟုတ်ပါ။ ၉ န၀င်း ကျေစေရန် အတွက် ဆေးအမည် ၉ မျိုးဖြင့် စုစုပေါင်း အလေးချိန် ၉ ကျပ်သား ဖြစ်အောင် ဖော်စပ်ရခြင်းဖြစ်၏။
လူပီးဆေး
ငရုပ် - ၁ ကျပ်သား
ကြက်သွန်ဖြူ - ၁ ကျပ်သား
ကြက်သွန်နီ - ၁ ကျပ်သား
ဂျင်း - ၁ ကျပ်သား
ရှိန်းခို - ၁ ကျပ်သား
ပရုပ် - ၁ ကျပ်သား
လေးညှင်း - ၁ ကျပ်သား
မုန်ညှင်းဆီ - ၁ ကျပ်သား
ဇီယာ - ၁ ကျပ်သား
ငရုပ် - ၁ ကျပ်သား
ကြက်သွန်ဖြူ - ၁ ကျပ်သား
ကြက်သွန်နီ - ၁ ကျပ်သား
ဂျင်း - ၁ ကျပ်သား
ရှိန်းခို - ၁ ကျပ်သား
ပရုပ် - ၁ ကျပ်သား
လေးညှင်း - ၁ ကျပ်သား
မုန်ညှင်းဆီ - ၁ ကျပ်သား
ဇီယာ - ၁ ကျပ်သား
အဲဒီ ဆေးအမယ် လေးတွေကို အမှုန့် ကြိတ်.. မုန်ညှင်းဆီနဲ့ နယ်ပြီး လိမ်းကြံပေးမယ်ဆိုရင် တုတ်ပီး ၊ ဓားပီး ၊ သေနတ်ပြီး တဲ့ဆေးထက် စွမ်းတဲ့ လူပီး ဆေးကို ရပါပြီ။ ဥာဏ်ရှိသလို သုံးတတ်မယ်ဆိုရင် လူပီး ပြီးတော့ လူရှိန်း လာပါလိမ့်မယ်။
xxx
ပြီးခဲ့တဲ့ သောကြာအခါ ကောင်းမှုကုသိုလ် ဆောင်းပါး ရေးပြီးကတည်းက အဲဒီအစီအရင်ကို အိမ်က မဒမ်က အစစ အဆင်ပြေအောင် ဆိုပြီး ဘုရားဝတ်ပြုရင်း လုပ်ဆောင်နေတော့တာပဲ။ ဒီလိုနဲ့ သိပ်မကြာပါဘူး ၂၃.၀၈.၂၀၀၉ မနက်ဖက် မဒမ်တေးနဲ့ အတူ McDonald မှာ မနက်စာ သွားစားမလို့ လုပ်တုန်း ဘုရားစင်မှာ ကပ်ထားတဲ့ နွားနို့ ခွက်ကို လှမ်းအယူ . . နွားနို့ ခွက် မှောက်ပါလေရော ။
စိတ်ထဲက .. "ဟာ သွားပြီထင်တယ် ." လို့ ထင့်ကနဲ ဖြစ်သွားတယ် ။ ဒီလိုနဲ့ McDonald ရောက်ပြန်တော့ စားနေတုန်း အဖိုးကြီး တစ်ယောက်က ကော်ဖီခွက်တင်ထားတဲ့ ဘန်းလေးကိုင်ပြီး ကော်ဖီခွက်က sticker လေး လာတောင်းတယ်။ အဲဒါနဲ့ ပေးလိုက်ပေမဲ့ အဖိုးကြီးက အားမရသေးလို့ ဘေးနားမှာ စားနေတဲ့ အမျိုးသမီးတစ်ယောက်ဆီ မှာ ထပ်သွားတောင်းတယ်။ အဲဒီမှာပဲ ... သူ့ ဘန်းထဲက ကော်ဖီခွက် က မှောက်ကျပါလေရော။ ဒီတစ်ခါလည်း စိတ်ထဲမှာ .." ဟာ .. သွားပါပြီ " ပေါ့.. သိပ်မကြာခင်မှာပဲ crew member တစ်ယောက် က မှောက်သွားတဲ့ ကော်ဖီခွက် ကို အစားပြန်လာပေးတယ်။ အဲဒီအခါကျတော့လည်း ကိုယ့်အတွေးလေးနဲ့ ကိုယ် .. " အင်း.. ပြန်ရတယ်ဆိုတော့ .. အရင်းလောက်ပဲ ထင်ပါရဲ့ " ပေါ့..
အဲဒီလို .. နွားနို့ ခွက်မှောက်လို့ .. ဟာ..သွားပြီထင်တယ်... ကော်ဖီခွက်မှောက်လို့ .. သွားပါပြီ ဆိုတဲ့ အာမေဋိတ်တွေ ထွက်လာတာဟာ အခြား ကြောင့်တော့ မဟုတ်ပါဘူး.. ဘောလုံးရာသီ အစမှာ သူများနည်းတူ ကံစမ်းတာပေါ့.. ၂၂ ရက် နဲ့ ၂၃ ရက် ကန်တဲ့ Premier League နဲ့ ပထမတန်း Chamionship ပွဲစဉ်တွေကို ၁၃ ပွဲ မောင်း လောင်းထားတာ Ranger အသင်း တစ်ပွဲပဲ ကျန်ပါတော့တယ်။ အဲဒီပွဲ နိုင်ရင်တော့ စုစုပေါင်း ပေါင် - ၂၀၀၀ ကျော်လောက် ရမယ်ပေါ့.. အဲဒါကြောင့် Ranger ကန်မဲ့ တနင်္ဂနွေ နေ့  မှာ နိမိတ်ယူနေတုန်း ဟာ ခနဲ .. ဟင်ခနဲ .. ဖြစ်သွားရတာပါပဲ..
ကံကောင်းထောက်မစွာပဲ ... အဲဒီနေ့ က အကုန်နိုင်သွားခဲ့ပါတယ်.. နိမိတ် ၂ မျိုးပြတာကတော့ တစ်ခြား ဖက်မှာ ကံစမ်းထားတဲ့ ၈ ပွဲမောင်းမှာ liverpool နဲ့ တစ်ခြား တစ်ပွဲ ရှုံးနိမ့်သွားလို့  တစ်မျိုးစီ ပြတာ ဖြစ်တယ်လို့ မှတ်ယူမိပါတော့တယ်။
နိမိတ် က ပြောတဲ့ နိမိတ်
Labels:
အယူတော်မင်္ဂလာ
နိမိတ် က ပြောတဲ့ နိမိတ်
2009-08-30T12:09:00+01:00
တေးအေးရိပ်
အယူတော်မင်္ဂလာ|
Subscribe to:
Post Comments (Atom)










