မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌
သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း
အို . . . . ဘားမား
Tuesday, 28 October 2008Posted by
ဇေယျာမောင်
Comments
ရွာပျက်တဲ့နှစ် သူကြီးဖြစ်ကိန်းပဲလား၊ သူကြီးဖြစ်လို့ ပဲ ရွာပျက်မှာလား။
သောကြာဖွား တနင်္ဂနွေ အမည်ရှင်ဟာ မဟာဘုတ်ခွင်မှာ မွေးနံနဲ့ အမည် ပဋိပက္ခဖြစ်နေတာကိုက မွေးရာပါ စိန်ခေါ်ချက်တစ်ခုပါ။
အများသုံးအမည် အိုဘားမား ဆိုတာ နာမက္ခတိုင်မှာ ပုတိကနေ ရာဇကို တိုင်ဆန် အနိဌ+ဣဌ အမည်ဖြစ်လို့ အတိုက်အခံ နဲ့ အောင်မြင်နိုင်သူဖြစ်ပေမယ့် အမည်အရင်းလုံးကို အပါဒါနကာရက ကပ်နေတာကတော့ ဘ၀င်မကျစရာပါပဲ။
သောကြာအထွန်းဖွားဟာ ဂြိုလ်စားဒသာအရ ဓါတ်လေးပါး အနိုင်ဓါတ်ဖြစ်တဲ့ ကေသရာဇာ ခြင်္သေ့မင်းရဲ့  သချို င်္င်းဘုမ္မိ သားရဲတွင်း ထဲကို ကျရောက်နေတာဖြစ်လို့ ၊ တနင်္ဂနွေ အမည်ရှင်ဟာ ဂြိုလ်စားဒသာအရ စစ်မက်ထန်ပြင်း အင်္ဂါခြင်္သေ့မင်းရဲ့ ပိုင်နက်ထဲကို ကျရောက်နေတာဖြစ်လို့ ၊ ဒီလို ကာလဆိုးထဲမှာ ကမ္ဘာကြီးရဲ့ နံပါတ်ဝမ်းနေရာအတွက် ပြိုင်ပွဲဝင်ခွင့်ရလာပြီဆိုတော့ သူများမေးရိုးကို ထိုးချင်ရင် ကိုယ့်မေးရိုးတွေလည်း ခိုင်ခံ့ဖို့ လိုတယ်ဆိုတဲ့ စကားကို သတိရမိပါတယ်။
သွေးဆာနေတဲ့ ခြင်္သေ့မင်းဟာ မရဏအိမ်ကနေ အဝေးဟောက်မှာဆိုတော့ သမတသက်တမ်း ၄ နှစ်ဟာ ခပ်ကြမ်းကြမ်း စိန်ခေါ်ချက်တွေနဲ့ အတူ လှို့ ဝှက်ပုန်းခိုနေတဲ့ ရန်သူတော်တွေ ပြည့်နှက်နေမှာ အမှန်ပါပဲ။
မွေးနံအရသမဂ္ဂဂြိုလ်ဟာ အမည်အဖျားလုံးနဲ့ ပက္ခမိနေသလို အမည်အရ သမဂ္ဂဂြိုလ်ဟာ အနိမ့်ဆုံးဂြိုလ် အဖြစ်နဲ့ ရပ်တည်နေတဲ့သူဟာ အမေရိကန် လူ့ အဖွဲ့ အစည်းရဲ့ အမြင့်ဆုံး တာဝန်ကို ယူရမှာဖြစ်လို့  ဦးစီးဦးဆောင် အကျိုးပေးက တကယ်ပဲ ကောင်းပါ့မလား။ တကယ်ပဲ သမတ သက်တမ်း ၄ နှစ်စေ့အောင် နေရမတဲ့လား။ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ကျော်လွှား အနိုင်ယူနိုင်ပါ့မလား။ ကျနော်ကတော့ သံသယ ရှိနေသည်။
ယခု အသက် ၄၈ နှစ်မှာတော့ ရာဟုသက်ရောက်ပေါ့။ လောကဓံသက္ခတ်ဗေဒင်ဆရာတွေကတော့ ယသော ဆိုတဲ့ အခြွေအရံပေါများခြင်းထဲ ရောက်နေတာကြောင့် ကံသုံးပါးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မယ် ဆိုရင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့၊ တကယ်ကို လူပေါ်လူဇော် လုပ်နိုင်မယ့်အချိန် လို့ ပြောကြမှာပါ။
ကျနော် ဖြည့်စွတ်ပြီးပြောချင်တာကတော့ ညောင်သီးလည်းစားပေါ့၊ ဒါပေမယ့် ပုန်းလျိုးကွယ်လျိုး လေးသည်တော်တွေရဲ့ လေးညို့ သံတွေလည်း နားစွင့်ထားဦးလို့ ။ ဘာကြောင့်လဲဆိုတော့ တနင်္ဂနွေ အမည်ရှင်ဟာ အင်္ဂါဂြိုလ်စားပြီး ရာဟုသက်ရောက်နေတာ အင်္ဂ၀ိဇ္ဇာ စကားနဲ့ ပြောရရင် စောလှလှေဆန် ရှေ့ နောက်ပြန်၊ ခြင်္သေ့ဟောက်ဟန် ဆင်ဝှေ့ ပြန် နေမှားခြေက သူရဇ္ဖကိန်းပါပဲ။ ပိုပြီးဆိုးတာက ခြင်္သေ့နဲ့ ဟိုင်းဆင် မွေးမဟာဘုတ်မှာ ပက္ခကိန်းတွေ မိနေပြန်ပါရော့လား။
ဂြိုလ်စားဒသာ ဆိုးဝါးလှတဲ့ ကာလထဲမှာ အရာရာကို အံတုစိန်ခေါ်နေရတဲ့ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင် တာဝန်ကို ယူရမည့်သူ့ ခဗျာ ကံအကြောင်း မကောင်းစရာတွေ ရင်ဆိုင်ရမှာဖြစ်သလို ဒီခေါင်းဆောင်ရဲ့  စီမံခန့် ခွဲမှုအောက်က အမေရိကန်နိုင်ငံနဲ့  ပြည်သူတွေမှာလည်း နိုင်ငံရေး စီးပွားရေး အထွေထွေ အကြပ်အတည်းတွေကို ရင်ဆိုင်ရဖွယ် ရှိမှာပေါ့။
အင်း. . .ရွာပျက်တဲ့နှစ် သူကြီးဖြစ်ကိန်းပဲလား၊ သူကြီးဖြစ်လို့ ပဲ ရွာပျက်မှာလား။ ရာဟုသက်ရောက်မှာတော့ အမည်နာမအားတွေ အရ ရွေးကောက်ပွဲမှာတော့ အိုဘားမားနိုင်ခြေများပါလိမ့်မယ်။ ဒါပေမယ့် အသက် ၄၈နှစ် ပြည့်မယ့် သြဂုတ်လအထိတော့ သူ့ ကံကြမ္မာကို စောင့်ကြည့်ချင်ပါသေးတယ်။ တကယ်တမ်းဆိုရင် ၄၈၊ ၄၉ ၊ ၅၀ ကာလတခုလုံးကို သံသယ အမြင်နဲ့  စောင့်ကြည့်ရဦးမှာလို့  ပြောရပါလိမ့်မယ်။
ကျနော်ကတော့ မြန်မာဗေဒင်ဆရာပီပီ အိုဘားမားရဲ့ အောင်နိုင်ခြင်းဟာ အမြင်မှာနမိတ် အတိတ်မှာလက်ဆောင် အသံမှာတဘောင်ဟူတဲ့ အယူတော်မင်္ဂလာအရ မဝေးလှသော ကာလမှာ ကမ္ဘာပြည်သူများ ပါးစပ်ဖျားက အာမေဋိတ်သံဖြင့် အို . . . ဘားမား ဟု ရွှေပြည်ကြီးကို အံ့ဖွယ်ဘနန်း ချီးမွှန်းသြဘာ ပေးကြတော့မည်ကို ကြိုတင်မြင်ယောင် နေမိပါတော့တယ်။
အို . . . ဘားမား (Oh. . . Burma !!!)
Labels:
ဆောင်းပါး
အို . . . . ဘားမား
2008-10-28T19:17:00Z
ဇေယျာမောင်
ဆောင်းပါး|
Subscribe to:
Post Comments (Atom)



